Part24(uni+zawgyi)

2.7K 107 18
                                    

Uni

"မောင် နှင်းက လာမှလာပါ့မလားလို့"

ခန့်ထယ်ဝါ ရောက်တော့ နှင်းက သူကားပေါ်ကနေ ခန့်ကိုနုတ်ဆက်တယ်လေ

ခန့်လည်း ကားပေါ်ကဆင်းပြီး နှင်းဖြူစင်ကို ပိုက်ဆံထုတ်လေးပေးလိုက်တော့

"မောင်ကလည်းကွာ နှင်းလာယူမှာပေါ့
မောင်မိုးရေတွေစိုကုန်ပြီ
လာ ကားထဲဝင်လိုက်"

နှင်းက သူ့ကားထဲဝင်ဖို့ ကားတခါးဖွင့်ပေးတာကြောင့် မိန့်လည်း နှင်းကားပေါ်တက်လိုက်တယ်

"ဟော မောင်ရယ် စိုရွှဲကုန်ပြီကွာ ရော့ ဒီမှာ သပတ် နှင်းသုပ်ပေးမယ်နော်"

သပတ်ယူပြီး ကျွန်တော့်ခေါင်းပေါ်ရောက်လာတော့မယ့်နှင်းရဲ့လက်ကို ကာလိုက်ရင်း

"ဟင့်အင်း ရပြီနှင်း ကျွန်တော်ပြန်တော့မယ် ဒီမှာ ပိုက်ဆံသိန်း အွတ်"

နှင်းက ကျွန်တော့်နုတ်ခမ်းကို ရုတ်တရပ်နမ်းလိုက်တာကြောင့် ကျွန်တော် ဘာမှတုံ့ပြန်ချိန်မရလိုက်ဘူး

"မောင်က. တော်လို့ ဆုချတာ"

"နှင်းဖြူစင် ကျွန်တော်က ခုချိန်မှာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ပါ
ကျွန်တော်တို့အနေအထိုင်ဆင်ချဉ်ကြရင်ကောင်းမယ်"

"မောင်ရယ် နှင်းက မောင့်ချစ်သူပါ မောင်တောင်းဆိုသမျှကိုလိုက်လျောဖို့ အဆင်သင့်ရှိနေပြီးသားပါမောင်"

နှင်းပြောလိုက်တဲ့စကားက ဘာသဘောလဲဆိုတာ သိသာနေတာကြောင့်

"တော်တော့ နှင်း ကျွန်တော် ခင်ဗျားနဲ့ သိက္ခာရှိရှိ လူကြီးလူကောင်းဆန်ဆန် လမ်းခွဲချင်တယ် နှင်းဖြူစင် နောက်တစ်ခါ ထပ်မတွေ့ကြတာပိုကောင်းမယ်"

ခန့်ထယ်ဝါ ကားပေါ်ကဆင်းလိုက်တယ်
"မောင် မောင် "

နှင်းခေါ်တာတောင် တစ်ချက်မှလှည့်မကြည့်ပဲ တစ်ချိုးတည်းထွက်သွားတဲ့မောင့်ကိုကြည့်ပြီး နှင်းဖြူစင်ဒေါသတွေတော့ထွက်နေခဲ့တယ်

'ဟင်းမောင်ရယ် မောင်နှင်းကို ဒီထပ်ပိုပြီးငြင်းလို့မရတော့ပါဘူး

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now