( ဒီအပိုင်းအတွက် ဦးဘိုဘိုဆိုထားတဲ့ " တို့ဝေးရာ " သီချင်းလေးကို နားထောင်စေချင်ပါတယ် )
လူငယ်လူရွေးမရွေး သံစဉ်အတိုင်း က ခုန်နေပြီး ပျိုးပျိုးပျက်ပျက်အရောင်တွေက တလက်လက် ။ ဆူညံလွန်းတဲ့ ဒီဂျေသံတွေကြားထဲမှာ သိပ်ကိုလှပလွန်းတဲ့မိန်းမလှလေးတွေက မပေါ်တပေါ်တွေ ဝတ်စားပြီး ခန္ဓာကိုယ်ကို လှုပ်လီလှုပ်ပဲ့ဖြင့် က နေကြသည် ။ အရက်ခွက်ကိုလက်ကကိုင်ထားရင်း မျက်စိရှေ့မှာမြင်နေရတဲ့ Dancing Floor ကို မင်းမောင် စိုက်ကြည့်နေမိတယ် ။
" သီဟ "
သီဟ ကို အကို့ရဲ့ လူယုံတစ်ယောက်ဆိုတာထက် ညီကိုသံယောဇဉ်တွေရှိတာကြောင့် မင်းမောင် သီဟကိုဆက်ဆံမှုဟာလဲ ညီကိုတစ်ယောက်လိုပါပဲ ။ သီဟအနေနဲ့လဲ မင်းမောင်ကို နှစ်ယောက်တည်းရှိတဲ့အချိန်မျိုးတွေဆို လွတ်လွတ်လပ်လပ်သာ ဆက်ဆံပြောဆိုတတ်ကြသည် ။
" အင်း ပြောလေ "
" ငါ မိန်းကလေးတွေနဲ့တွဲတာ မြင်ဖူးလား "
" မတွေ့ခဲ့ဖူးပါဘူး "
" ဘာလို့လဲနော် ငါလေ ငါ့ကိုနားမလည်နိုင်မယ့်သူကို အရာအားလုံးနဲ့ လဲယူမယ့်အစား ငါ့ပျော်ရွှင်မှုကိုပဲ ငါကြည့်ပြီးနေသင့်ခဲ့တာ အခုတော့ ..... "
" လူ့လောကကြီးက ဒီလိုပါပဲ ငါတို့ဖြစ်ချင်တာတွေဆို ဖြစ်မလာတတ်ကြဘူး မဖြစ်ချင်တာတွေ မရချင်တာတွေက ငါတို့အိမ်တံခါးအဝမှာ တိုးကြိတ်တန်းစီနေကြတယ် "
" မင်းရော တစ်စုံတစ်ယောက်ကြောင့် နာကျင်ဖူးလား "
" အသက်ရှူနေသရွေ့ပါပဲ "
မင်းမောင် က ဘေးမှာ ထိုင်နေတဲ့ သီဟ ကို တစ်ချက်လှမ်းကြည့်တော့ ရှေ့တည့်တည့်ကိုသာကြည့်ပြီး ငိုင်ကျနေတဲ့ သီဟ ။ သီဟ ရဲ့ ဒီလိုပုံစံကို မြင်ဖူးခဲ့တာမျိုးမရှိတာကြောင့် ငေးနေမိတယ် ။ ခဏကြာတော့ သီဟဘေးကိုရောက်လာတဲ့ သူ့တပည့်ကြောင့် မင်းမောင် အကြည့်လွှဲလိုက်တယ် ။
" ဆရာ ပလွိုင်းတို့ရောက်ပါပြီ "
" သွားမယ် သခင်လေး "
" အင်း "
သွားလေ ဆိုတဲ့ပုံစံမျိုး မေးဆတ်ပြလိုက်ပြီး လက်ကျန်အရက်ကို သောက်ကာ မင်းမောင် ထွက်လာလိုက်တယ် ။ သူတို့အမြဲတွေ့နေကြဖြစ်တဲ့ သီးသန့်အခန်းထဲကို လျှောက်လာတဲ့တစ်လျှောက် ကလပ်ထဲက မယ်မဒီတွေရဲ့ အကြည့်တွေက မင်းမောင်ဆီမှာ ။