15

13K 2.2K 77
                                    

Unicode

သေသေချာချာ စဉ်းစားကြည့်ပြီးနောက် သူ ပြန်မွေးဖွားလာပြီး ရွှယ်ယို့ရှန်းဆိုတဲ့ ခန့်မှန်းရခက်တဲ့ ကောင်လေးနဲ့ ဆက်ဆံရေး မပျက်ပြားခဲ့တဲ့အတွက် ရင်းဆုယဲ့ ဝမ်းသာသွားရတယ်။

ဘာလို့လဲဆိုတော့ ဒီကောင်လေးက သူ ထင်မြင်ထားသမျှနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ..!

အပေါ်ယံကြည့်ရင် ရွှယ်ယို့ရှန်းက အရမ်းရိုးအပြီး အနိုင်ကျင့်ရလွယ်တဲ့ ကလေးတစ်ယောက်လို့ ထင်မြင်စရာပဲ။ အဲ့တာကြောင့်လည်း ရွှယ်ယို့ရှန်းကို ပရိယာယ်မရှိတဲ့ လူတစ်ယောက်လို့ ထင်မြင်ခဲ့မိတယ်။ မဟုတ်ရင် ရွှယ်ယို့ရှန်းက သူနဲ့ စာချုပ်ချုပ်ဖို့ အလွယ်တကူ သဘောတူခဲ့မှာ မဟုတ်ဘူးလေ။

ကံမကောင်းချင်တော့ သူ့ရဲ့အကြံအစည်က မအောင်မြင်ခဲ့ဘူး။ ရွှယ်ယို့ရှန်းက မန္တန်အတတ်ပညာကို ရုတ်တရက် အသုံးပြုလိုက်ပြီး သခင်-အစေခံစာချုပ်ကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။

ထို့နောက် ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို သခင်-အစေခံစာချုပ်သုံးပြီး ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။

သူထင်ထားတာက တစ်ဖက်လူ သူ့ကို လုံးဝထိန်းချုပ်နိုင်ပြီလို့ အတွေးရောက်ပြီး ရည်ရွယ်ချက်အမှန်ကို ထုတ်ပြလာလိမ့်မယ်ပေါ့။ သူက ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်တယ်။

အဆုံးသတ်ကျတော့ သူ မထင်ထားတာတွေပဲ ဖြစ်လာခဲ့ပြန်တယ်။ သူက ထိန်းချုပ်ခွင့်ပေးနေတာတောင် ရွှယ်ယို့ရှန်းက သူ့ကို အမိန့်ပေးစေခိုင်းခြင်း မရှိတဲ့အပြင် သူ့ရဲ့ မကျေနပ်ချက်တွေကိုလည်း လိုက်လျောပေးခဲ့တယ်။

ဝံပုလွေအုပ်ကြီး ပေါ်လာတာတောင် ရွှယ်ယို့ရှန်းက သူ့ကို စာချုပ်သုံးပြီး အမိန့်လိုက်နာအောင် ဖိအားမပေးခဲ့ဘူး။ ထိုအစား စိတ်မရှည်တဲ့ဟန်ပန်နဲ့ အကာအကွယ်စည်းထဲက ထွက်လာပြီး သူ့ဆီ အရောက်လာခဲ့တယ်။ သူ့ကို ကယ်တင်နိုင်ဖို့အတွက် အန္တရာယ်တောထဲ အတုံ့အဆိုင်းမရှိ ပြေးဝင်လာခဲ့တယ်။

ပြီးတော့ သူ့ဘက်က ကလန်ကဆန်လုပ်နေတာတောင် ရွှယ်ယို့ရှန်းက သူ့ကိုယုံကြည်ပေးဖို့ တစ်ချိန်လုံး ဖျောင်းဖျနေလေရဲ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now