Chapter (30)

28.6K 4K 200
                                    

နံနက်စာ စားသောက်ပြီးတဲ့အခါ မုန့်ရန်တို့က စျေးနှုန်းခန့်မှန်းပြီးလေလံဆွဲရတဲ့ Rong City ရဲ့ အကြီးဆုံးရနံ့ဉယျာဉ်လေလံပွဲဆီကို သွားရောက်ခဲ့တယ်။ထိုလေလံပွဲကို ရာသီတိုင်းကျင်းပလေ့ရှိတယ်။

လင်စုန့်ထိုင် နဲ့ ရွှီဝမ်းယာအပြင် တခြားဆရာတွေကလဲ ထိုလေလံပွဲ ကျင်းပရာနေရာကို ကြိုရောက်နေကြပြီး လက်ဖက်ရည်ကြမ်းသောက်ရင်း စကားစမြည်ပြောဆိုနေကြတယ်။ယွီကျွင်းချန် နဲ့ တခြားလူတွေရောက်နှင့်နေပေမယ့် ရွှီဝမ်းယာရဲ့ အမူအရာကတော့ အဆင်ပြေနေပုံမရပေ။ရွှီဝမ်းယာရဲ့တပည့်တွေအာလုံး ခေါင်းငိုက်စိုက်ချပြီး တိတ်ဆိတ်နေကြတယ်။

မုန့်ရန်နဲ့ သူ့ရဲ့စီနီယာတွေက သူတို့ရဲ့ဆရာကို နှုတ်ဆက်နေကြတယ်။

"ထိုင်ကြလေ"

လင်စုန့်ထိုင် က အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။

"မနေ့က အမွှေးနံ့သာလေလံပွဲတစ်ခုလုံးကို မင်းတစ်ယောက်တည်း သိမ်းကြုံးပြီး လေလံဆွဲသွားတယ်လို့ ငါကြားထားတယ်"

"အကုန်လုံး မဟုတ်ပါဘူးဗျာ၊ကျွန်တော့်အတွက်အသုံးမလိုသေးတဲ့တစ်ချို့တစ်လေကိုတော့ မဝယ်ဖြစ်ခဲ့ပါဘူး။နောက်ပိုင်းကျတော့ အခုနေမသုံးဖြစ်သေးရင်တောင် ဝယ်စုထားတာလဲ မမှားလောက်ဖူးလို့တွေးဖြစ်လိုက်တော့ နောက်ဆုံးအသုတ်က ပစ္စည်းတွေအကုန်လုံးကို ဝယ်ဖြစ်သွားတာပါ"

လင်စုန့်ထိုင် နဲ့တစ်ဝိုင်းတည်းထိုင်နေတဲ့ဆရာတွေကတော့ မုန့်ရန်ကို ပြုံးပြီးကြည့်နေကြတယ်။အခြားဝိုင်းမှာ ရွှီဝမ်းယာနဲ့ထိုင်နေတဲ့ဆရာတွေကတော့ မျက်နှာသိပ်မကောင်းကြတော့ဘူး။

"ဆရာ..ကျွန်တော်အဲ့လိုတွေဝယ်လိုက်တာ တစ်ခုခုများပြသာနာဖြစ်လာနိူင်လားဟင်?"

မုန့်ရန်က သူ့ရဲ့ ကိုယ်ပိုင်ခွန်အားကို အလွယ်တကူထုတ်ပြနိုင်ပေမယ့် ဆရာဖြစ်သူကိုလေးစားသမှုနဲ့ မေးကြည့်ဖို့တော့လိုနေသေးတယ်။

"မင်းက အခုမှကျောင်းသားတစ်ယောက်ပဲရှိသေးတော့ မင်းရဲ့အရည်အချင်းတွေကို ချပြဖို့လိုနေသေးတယ်၊အကယ်၍မင်း နာမည်ကြီးလာရင်တော့ တခြားသူတွေကိုလဲ အရိုးအရင်းလောက်တော့ချန်ထားပေးလိုက်ပါဉီးကွာ"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now