"ဒီကောင်မလေး မရှိသင့်တဲ့နေရာမှာ မာနတွေ လာရှိနေတာပဲ"
ဥဥ လည်းသူမ ကားနှင့်အတူ ဦးရာမဲ့ကာ စိတ်၏ခေါ်ဆောင်ရာကို မောင်းနှင်လာတော့၏။ထိုနေရာမှာ ခင်မမ ဝာာဝန်ကျရာ ဆေးရုံပင်။မိခင်ဖြစ်သူ နှင့်တွေ့ဆုံပြီးတိုင်း သူမ ရင်တွေ ပူလောင်ရသည့်အတွက် တစ်ယောက်တည်း ထိုင်ကာ ကားပေါ်တွင် ငိုင်နေတော့သည်။
"ဟိတ်.."
ထိုစဥ် ကားမှန်ကို ခေါက်သူမှာ ယု ပင်။
"အန်တီ.."ကားမှန်ကို ချလိုက်သည့်အတွက် ယု လည်း ဥဥ ကို သေချာကြည့်နေတော့သည်။
"နေကောင်းရဲ့လား"
"ဟုတ်.."
"ခင်မမဆီလာတာမလား"
"ရှင်.."
ထိုချိန်ကျမှ ဥဥ လည်း သူမရောက်နေသည့်နေရာမှာ ခင်မမရှိရာ ဆေးရုံဖြစ်နေမှန်းသိလိုက်ရတော့သည်။
"ခင်မမဆွေဆီလာတာမလား ..လာ လာ" ဟု ခေါ်ကာ ဥဥ ကို ခေါ်လာပြီနောက် နားနေခန်းတွင် ထိုင်စောင့်ခိုင်းထားရင် နာရီဝက်လောက်အကြာ ခင်မမ လည်း duty coat လေးနှင့်အတူ ဝင်လာတော့၏။
"ဟယ်.."
ဥဥ ရောက်နေသည်ကို မသိသည့် ခင်မမလည်း ထိုင်ငိုင်နေသော ဥဥ ကိုမြင်လိုက်ရသည်အတွက် အံ့သြသွားတော့သည်။
"ရှင့် ဧည်သည် မမရေ..ကားပေါ်မှာ ငိုင်နေတာ တွေ့လို့ ခေါ်လာတာ၊ နေကောင်းရဲ့လား မသိဘူး ဆေးထိုးပေးလိုက်ပါဦး" ဟု ယုလည်း စနောက်နေတော့၏။အရင်နှင့်မတူ အတော်ကို မျက်နှာညှိးနွမ်းနေသည့် ဥဥ ကို ကြည့်ရတာ ခင်မမ စိတ်မကောင်းဖြစ်လာတော့သည်။
"နေမကောင်းဘူးလား" ဟု ပြောရင်း ဘေးတွင် ထိုင်ကာ နဖူးပေါ် လက်တင်ကာစမ်းနေတော့သည်။
"တောင်းပန်ပါတယ် သမီး အနှောင့်ယှက်ပေးမိသလို ဖြစ်သွားတယ်" ဟု ပြောရင်း ထလိုက်ချိန် ခင်မမ မှ လက်ကို လှမ်းဆွဲလိုက်၏။
"နေဦး..ယု ရေ ဒီနေ့ ကိုယ်အစား ယူ တာဝန်ယူပေးကွာ နောက်လ ယူ့ duty ကို ကိုယ်ယူပေးပါ့မယ်""ကောင်းပြီး"ထိုနောက် ခင်မမလည်း ဥဥ အနောက်ကို လိုက်လာတော့သည်။
"အန်တီ ကားမပါဘူးလား"
"အင်း.."အမှန်ကားကို ဆေးရုံတွင် ထားခဲ့တော့သည်။
