Part 35

2.7K 113 0
                                    

Uni

မနက်ခင်း နေရောင်ခြည်ဟာ ပြတင်းပေါက်အား ဖြတ်လျက် မျက်နှာပေါ်သို့ ကျနေသည်။
မျက်လုံးဖွင့်ဖွင့်ချင်း အလင်းရောင် စူးစူးက မျက်နှာသို့ ထိုးလျက်။

ငါ့အခန်းက ဘယ်တုန်းက ဒီလောက်ထိ နေထိုးသွားတာလဲ။
မဟုတ်သေးပါဘူး။

အာ သူများအိမ်ပဲ
ဒါဆို ခန့်ညားထည်ဝါရော

အရှေ့ဘက်က ရယ်သံနဲ့ စကားပြောသံ တစ်ချို့ ကြားနေရသည်။

ခွန်းအထင်တော့ မနက် ၇ နာရီတော့ ရှိလောက်ပြီ။
ထွက်ကြည့်ဖို့ ထလာခဲ့လိုက်သည်။

မြင်ရတဲ့ မြင်ကွင်းက အတော်ထူးဆန်းသည်။
ဦးကြီးနဲ့ ခန့်ညားထည်ဝါက ရယ်ရယ်မောမော စကားပြောနေလိုက်တာ မသိရင် လူရင်းတွေ လိုပဲ။

မနေ့က စကားများထားတာ သူတို့ မဟုတ်တဲ့ အတိုင်း။
ခွန်း သူတို့ဆီ သွားလိုက်ပါသည်။

"လုံမ နိုးပြီလားကွယ့်"

"ဟုတ်"

"ထိုင်ဦး ထိုင်ဦး လုံမစားဖို့ ကောက်ညှင်းပေါင်း သွားယူလိုက်မယ်"

"ရှင် ဟုတ် ကျေးဇူး"

"နိုးပြီလား ခွန်း"

"အင်း"

"ခေါင်းတွေ နှောက်ကျိနေသေးလား ညက အိပ်တာ နောက်ကျတယ်မလား"

"မဖြစ်ပါဘူး အိပ်ရေးဝတယ်
ဒါနဲ့ ရှင်နဲ့ ဦးကြီးက ဘယ်တုန်းက အဲ့လောက် ရင်းနှီးသွားတာလဲ"

"ဒါကတော့.....

ခွန်း စိတ်ဝင်တစားနဲ့ နားထောင်နေလိုက်သည်။
တကယ်ကိုပင် သိချင်သည်။

"ပြောစရာ ရှိတာပြောပါ"

"လုံမ ဒီမှာ စားလိုက်ဦး
အနောက်မှာ ရေးနွေးအိုးတည်ထားလို့ သွားကြည့်လိုက်ဦးမယ်"

"ဟုတ် ကျေးဇူးပါ"

ကောက်ညှင်းပေါင်း ပူပူလေးနှင့် အကြော်လေး မစားရတာ ဘာ်လောက်ကြာပြီလဲ
ခွန်း အားရပါးရစားဖို့သာ စိတ်ကူးလိုက်ပါသည်။

"ဟိတ်"

အစားမြင်လိုက်တော့ တောက်သွားတဲ့ မျက်လုံးတွေ
ကျန်တာ အကုန်မေ့
အစာလှမ်းယူနေသော လက်ကို လှမ်းပုတ်လိုက်ပါသည်။

You had me at helloWhere stories live. Discover now