Part 36

2.5K 111 2
                                    

Uni

အချိန်တွေဟာ တရွေ့ရွေ့ ကုန်ဆုံးနေသည်။
ချစ်ရသူနှင့် ကုန်ဆုံးနေရသော အချိန်တွေဟာ တကယ်ကိုပင် တန်ဖိုးရှိလှသည်။

အမှန်တရားကို ပြောပြချင်သည်။
အမှန်တရားကို သိသွားရင်လည်း မုန်းသွားမှာလား ဆိုတဲ့ အတွေးက ဝင်နေသည်။

သို့ကြောင့် ဆက်လက်ဖုံးကွယ်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။

"ကို"

"ပြီးပြီလား အမရာ"

"ပြီးပြီ စောင့်ရတာ ကြာသွားလား"

"မကြာပါဘူးကွာ မနက်စာပြင်ထားတယ် စားလိုက်နော်"

"ဟုတ်"

မုန်တိုင်းတွေပြီးရင် လေပြည်လာမယ်ဆိုတဲ့ စကားကို အမရာ ယုံကြည်သထက် ယုံကြည်လာသည်။
အမရာက ကို့ကို သိပ်ချစ်သလို ကိုကလည်း အမရာ့ကို သိပ်ချစ်တယ်လို့ ခံစားရသည်။

ခွန်းကလည်း ဘာမှ မပြောပါ။
ပျော်နေရင် ရပြီတဲ့လေ။

အမရာကတော့ တကယ်ကို ပျော်သည်။
ကိုနဲ့ အတူရှိနေတဲ့ ဒီအချိန်တွေက ဘဝမှာ အပျော်ရွှင်ဆုံး အချိန်တွေပင်။

ကို့ကို တွယ်တာသထက် တွယ်တာလာသည်။
ကို့ကို သိပ်ချစ်ပါသည်။

"စားလို့ကောင်းလား"

"ကို့လက်ရာကတော့ ရှယ်ပဲသိလား
အမရာတော့ ဒီလို ကောင်လေးမျိုး ရထားတာ အရမ်းကံကောင်းတာပဲနော်"

"မှန်တာပေါ့ အဲ့တာကြောင့် ဒီကောင်လေးကို ပိုပို ချစ်ပေးရမယ်နော်"

"ဟုတ်ကဲ့ပါရှင်"

"အမရာ ညနေကျရင် ကိုယ်တို့ ရုပ်ရှင်သွားကြည့်မှာနော်"

"အင်းပါ ကိုရဲ့ သိပါတယ်"

"အလုပ်တွေ ပြီးအောင်​မြန်မြန်လုပ်နော်

ပြီးရင် အလုပ်များတယ် ဆိုပြီး မအားဘူး လုပ်တော့မယ်"

"ကိုကလည်း တစ်ခါလေး ပြောမိတာကို
အဲ့ဒီတုန်းက တကယ်လည်း အလုပ်ရှုပ်နေလို့ပါ"

"တစ်ခါ ကလို့လား အမြဲတမ်း အလုပ်ရှုပ်နေတာ"

"ဟုတ်ပါပြီ ကိုရယ် နောက်အဲ့လို မဖြစ်စေရဘူး ဟုတ်ပြီလား
တကယ်ပါပဲ ကလေးလည်း မဟုတ်ပဲနဲ့"

You had me at helloWhere stories live. Discover now