Arc.3.17
4.2K 661 46
လင်ရှောင်းရီ သည် သူ့အားဝန်းရံထားသည့် လူများကို ဝှေ့ကြည့်ရင်း သူ့အကြည့်များက မာထန်သွားသည် ။အဖြစ်အပျက်များက လျင်မြန်စွာ ဖြစ်ပျက်သွားသလို ဖြစ်နေသဖြင့် သူ၏ တည်ငြိမ်မှုပင် ပျက်ယွင်းနေချေသည် ။ ပိုင်ရီက ကုချန်အား ပွေ့ ထားရင်း လင်ရှောင်းရီ အား အေးစက်စွာ ကြည့်လိုက်ကာ " ဂုဏ်ယူပါတယ် .. မင်းက ငါ့ရဲ့ နောက်ဆုံးစည်းကို ထိသွားပြီ "
လင်ရှောင်းရီ၏ တည်ငြိမ်သည့် မျက်နှာသည် ထိတ်လန့်သည့် အမှုအရာပေါ်လာခဲ့သည်။ " ပိုင်ရီ ငါက မင်းကုမဏ္ဍီမှာ ရှိနေတာ‌နော် ... တစ်ခုခုဖြစ်သွားရင် မျှားဦးက မင်းဘက်လှည့်လာမှာ ..." သူက အဖြစ်အပျက်အားလုံးသည် လူအများ၏ ရှေ့တွင် ဖြစ်ပျက်ခဲ့သဖြင့် အနည်းငယ် စိတ်အေးသွားသည် ။ အနည်းဆုံးတော့ ဤမျက်မြင်သက်သေများကြောင့် လက်ရှိအချိန် ပိုင်ရီသည် သူ့အား လွှတ်ပေးရမည်ဖြစ်သည် ။လင်ရှောင်းရီသည် ဒီနေ့ ပိုင်ရီလက်မှ လွှတ်ပါက နောက်နေ့တွင် ရှောင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည် ။
" အို.." ပိုင်ရီက ကြည့်နေသည့်လူများအား တစ်ချက်ဝှေ့ကြည့်လိုက်သည် ။ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီး ဘာမှမပြောခဲ့ပေ ။ သို့သော် ကြည့်မိသူတိုင်း ကျောချမ်းသွားလေသည် ။ သူတို့ဘာမှ မမြင်ဘူးဆိုသည့် သဘောဖြင့် အကုန်ခေါင်းငုံ့သွားကာ နောက်ဆုတ်သွားကြသဖြင့် လင်‌ရှောင်းရီ၏ အမှုအရာက ပိုဆိုးသွားလေသည် ။ လူတိုင်းထွက်သွားပြီးချိန်တွင် ပိုင်ရီက မျက်ခုံးအသာပင့်လိုက်ကာ
" ခေါ်သွားတော့ .."
" ခနလေး !!! " ကြည်လင်သည့် အသံက ပိုင်ရီ၏ စကားအား ကြားဖြတ်လိုက်သည် ။ ကုရှင်းသည် ထက်မြတ်သည့် အမျိုးသမီးပုံစံ ဝတ်ဆင်ထားကာ သူမရဲ့ ဆံနွယ်တို့ကို ခပ်မြောက်မြောက်စည်းနှောင်ထားခဲ့သဖြင့် သူမရဲ့ လည်တိုင်ရှည်တို့ကို ပေါ်လွင်သွားစေသည် ။ အရာအားလုံးသည် သူမကြောင့် ဖြစ်တည်လာသကဲ့သို့ အရောင်အဝါများကြောင့် ရုံးထဲသို့ ဝင်လာသည့် သူမပုံစံက ဘလင်းဘလင်းဖြစ်နေလေသည် ။
သို့သော် ပိုင်ရီက သူမအား ဂရုမစိုက်နိုင်သေးချေ ။ သူ့လက်ပေါ်က ကုချန်အား ငုံ့ကြည့်လိုက်ပြီး အလျင်အမြန် ထွက်သွားရန်လောနေလေသည် ။ အရင်တစ်‌ခေါက်တုန်းကလဲ သူ့မျက်စိရှေ့တွင် အကောင်းတိုင်းကနေ မေ့လှဲတော့မလို ဖြစ်နေခဲ့သည် ။ ဒီတစ်ခါတော့ သူက ဒီကောင်လေးအား ဆေးရုံသို့ ခေါ်သွားမှ ရပေမည် ။