Uni
အထက်ဘက်သို့ရောက်လာသည်နှင့်အမျှ တစ်စတစ်စ ပူလာသည်။
အပူချိန်ကို အံတုလျက် ခရီးဆက်နေရသည်။မန္တလေးတိုင်းထဲကလို့ ပြောပေမယ့် ခွန်းတော့ သေချာ မသိပါ။
နားထောင်ရတာလည်း အတော် ရှုပ်သည်။မြို့နာမည်တွေ ခရိုင်တွေ ကျေးရွာတွေ အပိုင်းတွေ အိမ်ထောာင်စုတွေ ရွာနာမည်တွေကလည်း များသည်။
ခွန်းတော့ ဘာမှ သေချာ မသိ။ဘေးက လူကတော့ ကျွမ်းကျင်စွာ မောင်းနေလေသည်။
မြို့ရွာနာမည်တင်ပဲ မသိတာလားဆိုတော့ ဒီနေရာ ဘယ်လိုရောက်လာလည်း မသိပါ။
တစ်လမ်းလုံး အိပ်လိုက်လာခြင်း။နိုးလာတော့လည်း လူက မှိုင်းတိုင်းတိုင်းနှင့် နေလို့ထိုင်လို့ မကောင်း။
ခေါင်းကလည်း မူးသလိုလို မကြည်သလိုလို။
ကားအကြာကြီးစီးရတာလည်း ပါလောက်သည်။ခရီးထွက်ရမှာမလို့ အလုပ်တွေ လက်စသတ်နေတာနှင့်ပင် တစ်ညလုံး မအိပ်ရ။
ထိုကြောင့် ဘာပစ္စည်းမှ ပြင်ဆင်ချိန်လည်းမရ။လက်ဆွဲအိတ် တစ်လုံးနှင့်သာ ထွက်ခဲ့ခြင်း။
ဘေးကလူကတော့ ကျောပိုးအိတ်တစ်လုံးနှင့် ပါသင့်တဲ့ ပစ္စည်းတွေတော့ ပါလောက်သည်။ခွန်း သူ့မြင်မှာသာ ပစ္စည်းတွေ တစ်ခုပြီး တစ်ခု တန်းစီ သတိရလာသည်။
သို့ပေမယ့် နောက်ကျသွားပြီ။
ခွန်း ပြင်ဆင်ခဲ့ဖို့တော့ ကောင်းသည်။
အခုတော့ တစ်ကိုယ်ရည်သုံးပစ္စည်းက လွဲလို့ ဘာမှ မပါ။အေးလေ လိုလည်း မလိုလောက်ပါဘူး။
လိုက်ပို့ပြီး တန်းပြန်မှာပဲ။မိုးမလင်းခင်တည်းက ထွက်ခဲ့သော ကားသည် နေ့လည်ပင် ရောက်နေပြီ။
မရောက်သေးဘူးလား။
ဘယ်နားရောက်နေတာလဲ။ခန့်ညားထည်ဝါကို မေးလိုက်ရင် ကောင်းမလား။
နောက်ခန်းက ဦးကြီးကတော့ ရှုခင်းတွေကို မလွတ်တမ်း ကြည့်နေသည်။"ခန့်ညားထည်ဝါ"
"နိုးပြီလား"
"အင်း ဘယ်ရောက်နေတာလဲဟင်"
"သူ့ ကျေးရွာအုပ်စုကိုတော့ရောက်ပြီ ရွာကိုရောက်ဖို့တော့ လိုသေးတယ်"
YOU ARE READING
You had me at hello
Romanceလူ့ဘဝဆိုတာ တစ်သက်မှာတစ်ခါပဲရတာပါ ရခဲလှတဲ့လူ့ဘဝမှာ တစ်စုံတစ်ယောက်ကို အစွမ်းကုန် ချစ်ရတာဟာ သိပ်ကိုကျေနပ်ဖို့ ကောင်းတယ် ခန့်ညားထည်ဝါ အားနည်းချက်တွေရှိတဲ့ လူတစ်ယောက်ဟာ အမြင့်ဆုံးကို ရောက်ချင်တဲ့အခါ အချစ်ဆိုတာ အလိုလိုနေရင်း ...