Part-80(သက်သေပြုကာတိုင်တည်ပါသည်)

14.9K 1.7K 94
                                    

(Zawgyi)🍀🍀🍀🍀


Part- 80
(ကိုယ်..ချစ်သော clover..!!..)

"ကိုကို့ကိုတစ်​နေ့သုံးခါ ချစ်တယ်ပြောရမယ်။
မနက်အိပ်ရာနိုးချိန်..ထမင်းစားချိန်၊ အပြင်သွားခါနီး
..ကျောင်းသွားခါနီးနဲ့ ကိုကို့နားကဆယ်လှမ်းထက်
ပိုပြီးသွားဖို့လိုတဲ့အချိန်တိုင်း ကိုကို့ကိုအနမ်းပေးရ
မယ်..။ ကိုကိုပြင်ပေးတဲ့ မနက်စာကိုဘဲစားရမယ်။
ညနေ ၆နာရီ ထက်နောက်ကျပြီး တစ်ယောက်ထဲ
လျှောက်မသွားရဘူး။ ကိုကိုဝမ်းနည်းလိမ့်မည်..။
အာ.. ပြီးတော့ တစ်နေ့ထက်တစ်နေ့ ကိုကို့ကို
ပိုပြီးချစ်ရမယ်.."

ရွက်စိမ်းက ဉာဏ်ကောင်းသော ကလေးလေး
ဖြစ်သောကြောင့် နောက်ဆုံးအချက်ကိုပါ သေချာ
ဖြည့်စွက်ကာ ပြောလိုက်သည်။ သူကတစ်ချက်ပြော
လိုက် လက်လေးတစ်ချောင်းချိုးလိုက်လုပ်နေခြင်း
ဖြစ်သည်။ သူကအားလုံးကိုပြောလို့ပြီးသွားသောအခါ
သူတော်တယ်မလားဟူသော အမူအရာအပြည့်ဖြင့်..
သူ၏ကိုကိုကို ကြည့်လိုက်၏။

မျက်နှာတွင်တော့ ရေခဲမုန့်စားရတော့မည်ဖြစ်သော
ကြောင့် အပျော်များဖြင့်ထင်ထင်ရှားရှားပြည့်နေသည်။
ပါးချိုင့်ကြီးနှစ်ဖက်က ရေကန်အကြီးကြီလို ထင်ရှား
နေပြီး ပါးအိအိလေးများက ဖောင်းမို့ကာတက်နေ၏။
ရွက်စိမ်းလေးသည် ချစ်စဖွယ်အတိဖြစ်နေတော့သည်။

ရလဒ်အနေဖြင့် ရွက်စိမ်းကိုအစောထဲကစောင့်ကြည့်
နေပါသော သစ်မိုးအိမ်၏လက်ချက်ဖြင့် ပါးလေးမှာ
အကိုက်ခံလိုက်ရတော့၏။ သစ်မိုးအိမ်က ပါးအိအိ
လေးကို ပါးစပ်အပြည့်ငုံခဲကာ ကိုက်ပြစ်လိုက်ခြင်း
ဖြစ်သောကြောင့် သစ်မိုးအိမ်ကိုက်လိုက်သောအချိန်
တွင် မျက်နှာလေးမဲ့သွားပြီး ခေါင်းလေးပါသစ်မိုးအိမ်
ဘက်တိုးလာသည်။

သစ်မိုးအိမ် ပြန်လွှတ်ပေးလိုက်ချိန်တွင်တော့...
ပါးလေးတွင် သွားရာအထင်းသားက နေရာယူထား
တော့၏။ မတရားခံလိုက်ရသောကြောင့် ရွက်စိမ်းက သူ့ပါးလေးတစ်ဖက်ကိုလက်လေးနှင့်အုပ်ကာ
သစ်မိုးအိမ်ကိုငိုမဲ့မဲ့ဖြစ်ကြည့်သည်။ ထို့နောက်တွင်
တော့ နောက်ပါးလေးတစ်ဖက်ပါ အကိုက်ခံလိုက်ရ
တော့၏။

Clover your'e my clover[Completed]Where stories live. Discover now