Chapter (32)

27.2K 3.6K 163
                                    

လော်ဆန်း အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့သူငယ်ချင်းတွေကိုလှည့်ပြောလိုက်တယ်။

"ဒီနေ့ ပါတီက တကယ်တော့ ငါ့ဖေဖေလေး ပြိုင်ပွဲတစ်ခုမှာပထမရလို့ လုပ်ပေးတဲ့ပါတီပွဲပါ။အခုရောက်လာတဲ့သူတိုင်းလဲ အကုန်လုံး ရင်းရင်းနှီးနှီးမိတ်ဖွဲ့ပြီး
အနာဂတ်မှာမိတ်ဆွေဖြစ်လာစေဖို့မျှော်လင့်ပါတယ်။ပြီးတော့ စကားများရန်ဖြစ်တာမျိုးတွေလဲ မလုပ်ကြပါနဲ့တော့"

အဖြစ်အပျက်တွေရဲ့အလှည့်အပြောင်းကြောင့်သူတို့အားလုံးနီးပါးအံ့သြသွားကြတယ်။သူတို့ကြားနေရတာတွေက အိမ်မက်လား၊တကယ်လားဆိုတာကိုဝေခွဲမရတဲ့အတွက် တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီးကြောင်တောင်ငေးနေရတယ်။နေစမ်းပါဉီး...လော်ဆန်း
ရဲ့ပါးစပ်ကနေ ဒီလိုစကားလုံးတွေ ဘယ်လိုကြောင့်များထွက်လာရတာလဲ?

မုန့်ရန် ပြုံးနေလိုက်ပြီး စားပွဲပေါ်မှာတင်ထားတဲ့ဝိုင်ခွက်ကိုမျက်စပစ်ပြလိုက်ပြီး လော်ဆန်းကိုယူခိုင်းလိုက်တယ်။

လော်ဆန်း စားပွဲဆီကိုသွားပြီး မုန့်ရန်အတွက် ဝိုင်တစ်ခွက်ငှဲ့ပေးလိုက်တယ်။

မုန့်ရန် က လော်ဆန်း ရဲ့ လက်ထဲက ဝိုင်ခွက်ကိုတစ်ချက်ကြည့်လိုက်တယ်။

"ဝိုင်ဖြူ"

အကုန်လုံး Shockရနေချိန်မှာ လော်ဆန်း ကချက်ချင်း ဝိုင်ခွက်ကိုလဲပေးနေတယ်။တိတ်တခိုး ပင့်သက်ရှိုက်လိုက်ပြီး လက်ထဲက ဝိုင်နီခွက်ကိုချပြီး မုန့်ရန်အတွက် ဝိုင်ဖြူတစ်ခွက်ကိုငှဲ့ပေးနေရပြန်တယ်။

ဝိုင်ခွက်ကိုတစ်ချက်ကြည့်လိုက်ပြီး မုန့်ရန် လူအုပ်ကြီးဘက်ကိုလှည့်ပြီးတစ်ခုပြောလိုက်တယ်။

"အခုလို ကျွန်တော့်ရဲ့ပါတီပွဲကိုကြွရောက်ပေးကြတဲ့အတွက် ကျေးဇူးပါ။ကျွန်တော်နဲ့ လော်ဆန်း ပြန်အဆင်ပြေသွားပါပြီ။လော်ဆန်း​က ကျွန်တော့်ကို ဝါစဉ်ကြီးတဲ့သူတစ်ယောက်အဖြစ်အသိအမှတ်ပြုပေးတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။အဲ့တော့ အတိတ်မှာဖြစ်ခဲ့သမျှတွေကို သင်ပုန်းချေလိုက်ပါပြီ။ပစ္စုပန်နဲ့အနာဂတ်ကသာလျှင်ပိုအရေးကြီးတယ်မလား?ဒီနေ့မှာ အကုန်လုံးနဲ့အတူ ပျော်ရွှင်စရာအချိန်ကောင်းတွေ ပိုင်ဆိုင်ချင်ပါတယ်။အဲ့တော့ ခင်ဗျားတို့လဲ ပျော်ပျော်ပါးပါးပါတီကိုဆင်နွှဲကြပေါ့။ကျွန်တော့်ရဲ့ ခွင့်လွှတ်မှုကို ပြသဖို့အခွင့်အရေးပေးတဲ့ ခင်ဗျားတို့ကိုလဲ တကယ်ကျေးဇူးတင်ပါတယ်"

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now