1 (U)

37.7K 1.3K 25
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း (၁)
ပြန်လည်မွေးဖွားလာခြင်း

ကုန်ဆုံးသွားခဲ့ရတဲ့အချိန်တွေက ပြန်ပြင်ဆင်ခွင့်မရှိတော့ဘူးတဲ့..

ကိုး ဟာ နာကျင်စရာတွေ အမုန်းတရားတွေ အငြိုးအတေးတွေ အာဃာတတွေနဲ့ ဘ၀တခုလုံးကို ဖြတ်သန်း နေထိုင်လာခဲ့တဲ့ ကောင်လေးတယောက် ဖြစ်ခဲ့သည်။ လှည့်ကြည့်လို့မှ ပျော်စရာမကောင်းတဲ့ သူ့ဘ၀တလျှောက်လုံးမှာ တခုတည်းသော စိတ်အပန်းဖြေစရာက အဖေလည်းမတူ အမေလည်းမတူတဲ့ မွေးစားအကိုကို ခြောက်ချလိုက် အနိုင်ကျင့်လိုက် လုပ်နေခဲ့တဲ့သူ။

နောက်ဆုံး အကို့မိသားစုကိုပါသတ်ပစ်လိုက်ကာ အကို့ခန္ဓာကိုယ်ကို ဗလက္ကာရပြုကျင့်ခဲ့တဲ့အထိ အစွမ်းကုန် အောက်တန်းကျ မိုက်ရိုင်းခဲ့တဲ့ အသုံးမကျတဲ့ မွေးစားညီလေး။

သူ့စိတ်ကြောင့် လုံးပါးပါးခဲ့ရတဲ့ မွေးစားအကိုရဲ့ နောက်ဆုံးထွက်သက်ကလည်း သူ့လက်ပေါ်မှာ တနည်း သူ့ လက်ချက်ကြောင့် တယောက်တည်းသော မိသားစုဖြစ်တဲ့ အကို့ကိုပါ သတ်ပစ်ခဲ့သည်။ သတ်ပစ်ရလောက်တဲ့ အကြောင်းပြချက်လည်း ရေရေရာရာမရှိပါပဲ ဒီအတိုင်း..ဒီအတိုင်းမှ တကယ့် ဒီအတိုင်းသက်သက် သူ့အကိုကို အသက် ဆက်မရှင်စေချင်တော့တာမို့လို့တဲ့လေ။

သွေးတစက်စက်ကျနေတဲ့ ဓားကိုကိုင်ကာ အဲ့ဓားကြောင့် ဒဏ်ရာရသွားပြီး ကြမ်းပြင်မှာ လူးလိမ့်နေတဲ့ အကို့ကို ရပ်ကြည့်နေလိုက်သည်။ သေချာတာတခုတော့ သေစေချင်တဲ့စိတ်နဲ့ သတ်ခဲ့တာ မှန်ပါရဲ့နဲ့ ဓားကိုင်ထားတဲ့ သူ့ လက်ချောင်းတွေ တုန်ရီနေခဲ့သည်။ လူတယောက်ကို ခြင်လေး ယင်လေးသတ်ရသလို လက်ယဉ်နေတဲ့ ဒုစရိုက်သမားကြီးက တုန်လှုပ်ခြောက်ခြားနေတယ် ဆိုတာ ယုံကြပါ့မလား။

" ကိုး ..ငါ မင်းကို ခွင့်လွှတ်ပါတယ် ထပ်ပြီး မကောင်းတာတွေ မလုပ်နဲ့တော့နော် ကြားလား.."

သွေးသံတရဲရဲ ဖြစ်နေတဲ့ကြားက မချိမဆန့်နဲ့ ပြောထွက်လာတဲ့ ဆုံးမစကားတွေ။ အဲ့ဒါတွေကို တကယ်ပဲ မုန်းတယ်ဆိုတာ ခင်ဗျား မသိတာလား ကိုသော်တာ။

" ပြီးတော့လေ..ကိုး..ငါ..ငါ မင်းကို.."

စကားတောင် ဆက်မပြောနိုင်တော့ပဲ အကြောဆွဲကာ ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့ တချိန်က သွေးသားချင်း ရင်းနှီးခဲ့ဖူးသူကို ငုံ့ကြည့်နေရင်း မျက်၀န်းအိမ်မှာ မျက်ရည်တွေ လျှံတက်လို့လာခဲ့သည်ကား မထူးဆန်းပါ။ ဒီလူက သူ့ဘ၀ရဲ့ တဦးတည်းသော တွယ်ကပ်ရာ ခိုလှုံရာ။ ရေလို အေးမြစေသလို မီးလိုလည်း ပူလောင်စေတဲ့ သံယောဇဉ်ကြိုး ချည်နှောင်ရာလေး။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now