Part - 9
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
"ဟဲလို ဖေဖေ .... နေကောင်းလားဟင် "
" ဖေဖေ နေကောင်းပါတယ် ....သားရောအဆင်ပြေရဲ့လား .... ပိုက်ဆံထည့်ပေးလိုက်မယ်လေ ....သားကို ပိုက်ဆံမပို့ဖြစ်တာ ....နည်းနည်းတောင်ကြာ
ပြီ"" ပိုက်ဆံမပို့ပါနဲ့ .... သားမှာရှိပါသေးတယ် .... လို
မှသားမှာမယ်နော် ... ဖေဖေသာ နေကောင်းအောင်နေပါ "" သားကို ဝမ်းသာစရာသတင်း ပြောရဦးမယ် ....
ဖေဖေ့ အလုပ်တွေပြန်စဖြစ်တော့မယ် .... ရန်ကုန် က လုပ်ငန်းရှင်သူဌေးတစ်ယောက် ... ဖေဖေ့ အ
လုပ်မှာ ရှယ်ယာလာထည့်ပြီး .... သူ့အလုပ်ကဝန်
ထမ်းတချို့လဲ ဒီဘက်ကိုပို့ပေးတယ် .... သူကငွေ
စိုက် .... ဖေဖေ က လုပ်အားစိုက်ပေါ့ "ကြားလိုက်ရတဲ့စကားကြောင့် လွှမ်း ဝမ်းသာသွား
ပါတယ် ။ အလုပ်ပြန်လုပ်ခွင့်ရရင် ဖေဖေလည်း စိတ်တွေပိုပြီး လန်းလန်းဆန်းဆန်းရှိလာမှာ အသေအချာပဲလေ ။" ဟုတ်လား ဖေဖေ .... သားဝမ်းသာလိုက်တာ ....
တစ်ခုတော့သတိထားပါနော် ..... ပထမတစ်ခါလို
ဖေဖေ ခံရမှာသားစိုးရိမ်တယ်"" စိတ်ချပါသားရယ် .... သားကိုနောက်တစ်ခါ စိုးရိမ်ရအောင် .... မလုပ်တော့ဘူးနော် .... သားမျက်နှာငယ်မဲ့အလုပ်မျိုး ...." ဘယ်တော့မှထပ်မလုပ်တော့ပါဘူး "
" သားအတွက်ဆိုတာထက် .... ဖေဖေ့ အတွက်ပဲ
ပိုပူတာပါ .... သားအတွက်က ခင်တွယ်စရာဆိုလို့
..... ဖေဖေ တစ်ယောက်ပဲရှိတယ်လေ "သားဖနှစ်ယောက် ဖုန်းပြောပြီးတဲ့အချိန်ထိ လွှမ်း မှာ
သတင်းကောင်းကြောင့် ပျော်မဆုံး ။ ဖေဖေ အ
လုပ်တွေပြန်အဆင်ပြေပါစေ။ ရှယ်ယာလာထည့်တဲ့သူဌေးလဲ ပိုက်ဆံတွေအများကြီး ရှာလို့ရပါစေလို့ ဆုတောင်းပေးရမယ်။ ပိုက်ဆံဆိုကာမှ သူဌေးကို
ဆေးဖိုးပိုက်ဆံတွေ ပြန်ပေးရဦးမှာ သတိရမိပါ
တယ် ။ဒီနေ့တော့ အကို က ဆေးရုံကိုအစောကြီးထသွားတယ်ထင်တယ်။ ကိုယ်အိပ်ရာနိုးတော့ အိမ်မှာမရှိ
တော့ဘူး ။ ညစာထွက်စားပြီးတဲ့ ညထဲက အကိုက
ကိုယ့်ကို စကားတောင် သေချာမပြောတော့ဘူး။ ဘာဖြစ်မှန်းမသိပေမဲ့ ကိုယ်ကလည်း မမေးချင်လို့
ဒီတိုင်းထားလိုက်တာ အခုဆိုသုံးရက်လောက်ရှိ
နေပြီ။ အကို ကစကားမပြောတော့ အိမ်ပြန်လာရင် လွှမ်း အတွက် ပျင်းစရာကြီးဖြစ်နေရော။
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။