Chapter-11 ( Part 3)

2.8K 471 21
                                    


UNICODE 


" ဒါကဟာသတစ်ခုပဲဆိုရင်တောင် ကျွန်တော် အလေးအနက်ပြောနေတာဆရာ , ဒီ့မတိုင်ခင်က ကျွန်တော်လိမ်ညာခဲ့တယ် ဒါပေမယ့်ခု မတူတော့ဘူး, ကျွန်တော့်ကိုဆရာ ယုံကြည်ဖို့ ဘာလုပ်သင့်လဲ?"

ရှောင်ရွှမ်းက ရှေ့တိုးလာပြီး အူးယမ်ကိုဖတ်လိုက်တယ်။

" ဆရာ, ကျွန်တော့်ကို မသိချင်ယောင်မဆောင်ပါနဲ့နော် ကျွန်တော်လေဆရာ ,မရှိဘဲမနေနိုင်ဘူး"

"မင်းက အရမ်းငယ်သေးတယ်,ဒါပေမယ့် မင်းပါးစပ်ဟလိုက်တာနဲ့ အလိမ်ညာတွေပဲထွက်လာတုန်း"

အူးယမ်ကထပ်သည်းမခံနိုင်တော့ဘူး။ သူက သူ့ကို မျက်လုံးနီနီနဲ့တည့်တည့်ကြည့်ပြီးပြောလိုက်တယ်။

"သွားတော့ "

"ဆရာ!"

ရှောင်ရွှမ်းက အနည်းငယ်မှားနေတယ်လို့ခံစားရတယ်။

"တကယ်လို့မင်းမသွားရင် ငါမင်းကိုရိုက်မှာနော်"

"ဒါဆိုလည်း ရိုက်ပါ ,ရိုက် ဆရာ စိတ်ကျေနပ်တဲ့အထိရိုက်ပါ"

ရှောင်ရွှမ်းရဲ့ပုံစံက မကျေနပ်ချက်တွေနဲ့ပြည့်နေတယ်။

" ဆရာကသာ ကျွန်တော့်ကို ဘာ့ကြောင့်ပဲဖြစ်ဖြစ်ရိုက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ"

အူးယမ်ကြည့်လိုက်တဲ့အချိန်မှာ သူက အနည်းငယ်ငိုချင်နေသလိုဖြစ်နေတယ်။

စိတ်ဆိုးတာတွေနဲ့မုန်းတာတွေပြည့်နေတာတောင်မှ ဒါကိုတော့ သူဘယ်လိုသည်းခံနိုင်ရမလဲ?

[ T/N-ရှောင်ရွှမ်းငိုတာကိုမကြည့်ရက်တာနော် သနားစရာ ရှီးဝမ်လေး]

"မင်းက ငါ့ကို​ကျောင်းထုတ်ပစ်လိုက်တာပဲ...."

သဘောမပေါက်ခင်တုန်းကတော့ သူကရှောင်ရွှမ်းနဲ့ လိုလိုလားလားငြင်းခုံနေမှာမဟုတ်ဘူး။

"ဒါက မဟုတ်ဘူး"

ရှောင်ရွှမ်းက အခွင့်အရေးကိုအမိအရအသုံးချပြီးသူ့ကိုယ်သူအလျှင်အမြန် ကာကွယ်လိုက်တယ်။

"ကျွန်တော်က ဆရာ့ကိုတွေ့ချင်တော့ ကျောင်းမြန်မြန်ပြန်လာစေချင်ရုံပါပဲ, ဘာလို့အလုပ်ထွက်စေရမှာလဲ? တကယ်လို့ဆရာအလုပ်ထွက်မယ်ဆိုရင် အဲ့မှာ ကျွန်တော်လည်းစာဆက်မသင်တော့ဘူး"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now