အခန်း (၂၈)

4.2K 437 3
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၂၈)

TRANSLATOR - SS

Mature Content အနည်းငယ်ပါသည်။**

--------------------

အခန်းထဲကထွက်လာတော့ ဖေ့ကျင်းကရန်ရှီးနဥ်ပခုံးကိုထိန်းကိုင်ထားသည်။

ဖူးချင့်၏ တခြားဧည့်သည်များကလည်း ခန့်ညားသော ဖေ့ကျင်းနှင့် မူး​ေ၀နေသော ရန်ရှီးနဥ်တို့၏ သရုပ်အမှန်ကိုသိချင်နေကြသည်။ သို့သော် တစ်ဦး၏ သရုပ်အမှန်ကို တစ်ဦးက မစုံစမ်းရဟူသော ဖူးချင့်၏ စည်းကမ်းကြောင့် မမြင်ချင်ယောင်သာ ဆောင်ကြရလေသည်။

ထိုအချိန်တွင်ရန်ရှီးနဥ်၏ ခေါင်းက ချာချာလည်နေပြီး သူမ၏ ခြေထောက်တွေလည်းပျော့ခွေနေလေပြီ။ သူမ၏ ​အတွင်းသားများကလည်းနာကျင်နေသည်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမ မသိသော်ငြား ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ထိုအရာသည် မြေနိုးဖေ့ကျင်းကြောင့်သာ ဖြစ်လိမ့်မည်။  ဖေ့ကျင်းကို ဆဲရန်ကြံစည်နေသော်ငြား သူမရှေ့တွင်တွေ့လိုက်ရသော ရင်းနှီးသည့်ပုံရိပ်ကြောင့် သူမပါးစပ်အဟောင်းသားဖြစ်သွားရသည်။

ဖေ့ကျင်း၏ မျက်လုံးများကလည်း ရန်ရှီးနဥ်ကြည့်ရာသို့လိုက်ကြည့်လိုက်၏။ သူမတို့ရှေ့တွင် ငယ်ရွယ်ချောမောသည့်အလှလေးကိုတွေ့လိုက်ရတာက အံ့သြဖွယ်ရာမရှိ။ အံ့သြဖို့ကောင်းသည်က ထိုအလှလေးမှာ အိမ်ရှေ့စံပင်။

ဖေ့လန်တစ်ယောက်လည်း ဤသို့လူကြီးလူကောင်းများနှင့်မသင့်တော်သည့်နေရာတွင် ဖေ့ကျင်းကိုမြင်လိုက်ရသဖြင့် အတော်လေးလန့်သွားမိသည်။ သို့သော် ဖေ့ကျင်းကို မကောင်းဆိုး၀ါး၀င်းစီးထားသည်ဟု သူအမြဲခံစားခဲ့ရသောကြောင့် ဖေ့ကျင်းကဘယ်လိုလူမျိုးကို တောင့်တသလဲဆိုတာ သူသိချင်မိသည်။ ထို့နောက် ဖေ့ကျင်းတွဲထားသည့် မူးနေသည့်သူကိုမြင်လိုက်တော့ သူ့နှလုံးသားတစ်ချက်ခုန်သွားသည်။ ရန်ရှီးနဥ်ပဲ....

ရန်ရှီးနဥ်ကို ပြီတီတီကြည့်နေသည့် အိမ်ရှေ့စံကြောင့် သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသည်။ စိတ်ထဲတွင်မတော့ သက်ပြင်းတစ်ချက်ချလိုက်မိ၏။ သူမ၏ နူးညံ့လှပသော အမျိုးသမီးပုံရိပ်က အိမ်ရှေ့မင်းသား၏ရှေ့တွင် ပျောက်ကွယ်သွားပြီ မဟုတ်ပါလား။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now