Cha-29

7.6K 1.8K 136
                                    

[Unicode]

ယွီချင်ဟွမ်၏ကြော်ငြာအခ​ကြေး​ငွေမှာဘယ်​လောက်မှမရှိ​ပေ..တနှစ်မှ ၁.၂ သန်းသာရှိ၏။

စာချုပ်မှာလက်မှတ်ထိုးပြီးတာနှင့် Ada မှ ၃ ပုံ ၁ပုံအား ကြိုတင်စရံ​ပေးထားမည်ဖြစ်သည်။

ကျန်ရှိ​နေသည့်အခ​ကြေး​ငွေက​တော့ကြော်ငြာစတင်လွှင်ချိန်​ရောက်တာနဲ့ အပြီးသတ်ပေး​ချေမည်ဖြစ်၏။

ဒါက​တော့ ဒီ​လောကရဲ့ကြိုတင်ညိနှိုင်းစရာမလိုအပ်သည့်ထုံးတမ်းစဥ်လာတခုပင်။

ထို့​ကြောင့်ယွီချင့်ဟွမ်သည် စာချုပ်တွင်တွေ​ဝေတုံ့ဆိုင်း​ခြင်းမရှိ လက်မှတ်​ရေးထိုးလိုက်ပြီး သ​​ဘောတူညီချက်တစ်​စောင်တွင်ပါ လက်မှတ်ထိုးရသည်။

Ada မှ ​တောင်းဆိုလာသည်မှာ သူ့အ​နေနှင့် Normcorm series နာရီရဲ့ Spokesman ဖြစ်​ကြောင်းကို ဘယ်တဦးတ​ယောက် ဘယ်သတင်းမီဒီယာကိုမှ ထုတ်​ဖော်မ​ပြောကြားသေးရန်ဖြစ်၏။

Ada မှ Exquisite series အတွက် Spokesman အသစ်ရရှိလာသည်အထိစောင့်ဆိုင်းရမည်ဖြစ်ပြီး ထိုအခါမှ Adaအ​နေနဲ့  ထိုသတင်း၂ခုကို တရားဝင်အတူတကွ​ထုတ်ပြန်​ကြေငြာမည်ဖြစ်သည်။

ဤတောင်းဆိုချက်သည် ယွီချင့်ဟွမ်လိုလားတာနဲ့တထပ်တည်းပင်။ထို​​ကြောင့် စာချုပ်ချုပ်ခြင်းလုပ်ငန်းစဥ်မှာအင်မတန်လွယ်ကူ​ချော​မွေ့​နေ၏။

ယွီချင့်ဟွမ်ပြန်မည်လုပ်စဥ်မှာ Ada ရဲ့ ဝန်ထမ်းအတော်​များများက သူ့နဲ့ဖုန်းနံပတ်ချင်းအပြန်အလှန်လဲလှယ်ယူထားဖို့​ကိုတောင် ​တောင်းဆို​နေကြ​သေးသည်။

"​ကော အခုကျွန်​တော့်မှာပိုက်ဆံဘယ်​လောက်ရှိ​သေးလဲ?"

ဓါတ်​လှေကားသို့လျှောက်​နေရင်း ယွီချင့်ဟွမ်မှနောက်လှည့်ကာယွီရှင်းထံ​မေးလာသည်။

ယခုအချိန်တွင် သူ့မှာကိုယ်ပိုင်ငွေ​ရေး​ကြေး​ရေးစီမံခန့်ခွဲသူတ​စ်ယောက် ငှားရန်ပိုက်ဆံမရှိသည့်အပြင် တစုံတ​ယောက်ခန့်အပ်ထားရန်လည်း စိတ်ကူးမရှိ​ပေ။

ထို့​ကြောင့် သူ့အ​ကောင့်ထဲကရှိသမျှ ပိုက်ဆံအားလုံးကို စီမံခန့်ခွဲရန် ယွီရှင်းထံသာပို့ထားခဲ့၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now