About

11.6K 522 12
                                    

((Zawgyi))

"မင်းအတွက် ဆေးတစ်ခွက်"

💊💊💊
ကုကျိုး - မင်းမှာ ရောဂါရှိလား?

ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား?

ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ!

ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား?

ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား!

ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ်

ကုကျိုး - မင်းလိုချင်သလောက် ငါ့မှာရှိတယ်

ကုန်းရိထျန်းဟန် - ဒီလိုဆို အားလုံးသာ ထုတ်လိုက်တော့

ကုကျိုး - ....

ရှင်းရှင်းပြောရရင် ရှိုးတိုးရှန်းတန့်နဲ့ ကြောက်တတ်တဲ့ 'ရှို' လေးဟာ ဝိညာဉ်ကူးပြောင်းခြင်းခံရပြီးနောက် သူ ဆက်လက်ရှင်သန် အသက်ရှင်​နိုင်ဖို့ နည်းလမ်းရှာ​ဖွေရတော့တယ်။ သူ့မှာ ဇာတ်ကောင်တို့ရဲ့ အထူးအားသာချက် (Golden Finger) ဖြစ်တဲ့ "ဆေးများကို စင်ကြယ်သန့်စင်နိုင်တဲ့ System" တစ်ခုရှိတယ်။ သို့သော်လည်း ကံမကောင်းစွာနဲ့ လိုအပ်တဲ့ ဆေးဝါးအမယ်တွေမရှိတာကြောင့် သူ့ခမျာ အဆင့်တက်ဖို့ မဖြစ်နိုင်ဘူး။

အင်ပါယာရဲ့ ထင်ပေါ်ကျော်ကြားတဲ့ ပြိုင်စံရှားမျိုးနွယ်စုတစ်ခုရဲ့ အကြီးဆုံးသားမှာ အများနဲ့မတူတဲ့၊ ထူးကဲမြင့်မားလှတဲ့ IQ ရှိတယ်။ သို့သော် သူ့ရဲ့ ကျင့်ကြံရေးပါရမီက အလွန် နိမ့်ပါးလွန်းတယ်။ ကံမကောင်းစွာပဲ အဲ့ဒီကမ္ဘာမှာ အစွမ်းထက်ဆေးလုံးများကို သန့်စင်ပေးနိုင်သူဆေးဆရာတစ်ယောက်ဖြစ်ဖို့ အလွန်ခက်ခဲစွာ ကျင့်ကြံလေ့ကျင့်ရတာကြောင့် သူ့တစ်ယောက်တည်းကိုပဲ တာဝန်ယူကုသပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ဆေးဖော်စပ်ရာမှာသုံးတဲ့ ဆေးပင်ဆေးဝါးနဲ့ ဆေးအမယ်ပေါင်းများစွာကို အလိုရှိသလိုရယူနိုင်တယ်။

ဒီလူနှစ်ယောက်မှာ တစ်ယောက်က ရောဂါ၊ တစ်ယောက်က ဆေးဖြစ်နေတယ်။ ဒီတော့ ရောဂါရှိတဲ့သူက ဆေးရှိတဲ့သူကို ခေါ်ထားလိုက်ရင် အားလုံးအဆင်ပြေသွားပြီပေါ့။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now