အပိုင်း ၇

1K 165 25
                                    


Unicode

ပိုင်ဝေ့ရှင်းနဲ့ ရိုစလီတို့  ခဏအတွင်း ခင်မင်ရင်နှီးကာ တယောက်အကြောင်းတယောက် ပြော​ြပကြသည်။ ရီုစလီက သူမဟာ စာ​းသောက်ကုန်ဆိုင်ရာလုပ်ငန်းပိုင်ရှင်
အမေရိကန်လူမျိုးဖခင်နဲ့ အာဟာရပညာရှင် ဂျပန်လူမျိုးမိခင်တို့မှ မွေးလာသောကြောင့် သူမရဲ့မျက်နှာကျက အနောက်တိုင်းဆန်နေတာဖြစ်ကြောင်း၊ ဂျပန်ဘာသာစကားကိုလဲ သူမ ကျွမ်းကျင်လို့ ဂျပန်လိုပဲပြောလို့ရကြောင်း၊ ဒီနိုင်ငံကို ရောက်လာတာမကြာသေးလို့ သူငယ်ချင်းအပေါင်းအသင်းလဲမရှိသေးကြောင်း ပြောပြလေတယ်။ ပိုင်ဝေ့ရှင်းကလဲ သူမ့အကြောင်းအားလုံးကို ရိုစလီအား ခရေစေ့တွင်းကျပြောပြလိုက်ပြီးနောက် သူမတို့နှစ်ယောက်က ငယ်သူငယ်ချင်းအရင်းများသဖွယ် ရင်းနှီးကျွမ်းဝင်သွားကြသည်။  လဲလှယ်ပြီးနောက်  သူတို့နှစ်ယောက်အတူလက်တွဲ၍ပင် ပေါ့ပေါ့ပါးပါးပုံစံဖြင့် ထွက်လာခဲ့ကြသည်။ ပြိုင်ပွဲခန်းထဲသို့ရောက်သောအခါ လူတော်တော်များများ တူညီဝတ်စုံများဝတ်ကာ တန်းစီပြီး စောင့်ဆိုင်းနေကြတာ တွေ့ရ၍ အတူဝင်ရပ်လိုက်ကြတယ်။ ထို့နောက် ကြီးကြပ်ရေးမှူးများမှ သတ်မှတ်ရာနံပါတ်စဥ်အလိုက် နှစ်ယောက်စီတဖွဲ့ခွဲပေးကာ ယှဥ်ပြိုင်စေသည်။ ပိုင်ဝေ့ရှင်း စိတ်ထဲတွင် ရိုစလီနဲ့တဖွဲ့ထဲ ကျစေရန်ဆုတောင်းနေမိသည်။ လူအရေအတွက် ခွဲဝေရင်း သူမတို့အဖွဲ့အား  အကဲဖြတ်ပေးရန် အသက်၄၀ ကျော်ခန့်ရှိစုန့်မျိုးနွယ်အမည်ရှိ အမျိုးသမီးတစ်ဦးအား တာဝန်ခွဲဝေးပေးတာတွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှလဲ သူမနာမည်အား မိတ်ဆက်ပေးရင်း တဦးချင်းစီယှဥ်ပြိုင်စေသည်။
  ပိုင်ဝေ့ရှင်း သူမရှေ့မှ တယောက်ချင်းစီ ယှဥ်ပြိုင်မှုများအား သေချာကြည့်နေလိုက်သည်။ သူမရဲ့မှတ်ဉာဏ်ထဲတွင် မှတ်မိစေရန် ဖြူလုံးစီမှ မှတ်နိုင်စွမ်းအတွက်ဆေးလုံးအား ဓားပြမတိုက်ရုံတမယ်စျေးနှိမ်ဖြတ်ပြီးဝယ်သောက်ထားတဲ့အတွက် သူမရဲ့မှတ်ဉာဏ်အားအရမ်းကိုကောင်းနေသည်။ ကြည့်ရုံနဲ့ ထိုတိုက်ခိုက်ရေးများကိုတတ်မြောက်စေသည်။  ရိုစလီရဲ့တိုက်ခိုက်သည့်အလှည့်တွင် သေသပ်တိကျပြီး လျှင်မြန်လွန်းတာကိုတွေ့လိုက်ရတယ်။ 
.. ဝါးး သူမရဲ့စွမ်းရည်ကလဲမဆိုးဘူး.ငါ့လောက်နီးနီးတော်တယ်..

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now