2 (U)

9.8K 946 51
                                    

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ
အပိုင်း (၂)
လူယုတ်မာဆိုတာ ဂျိုမပါဘူးရယ်

နှာတံရှည်ရှည် နှုတ်ခမ်းပါးပါး သေးနုတ်ကော့ညွှတ်တဲ့ မျက်ခုံးမွှေးတစုံနဲ့ လိုက်ဖက်ညီစွာ ချွန်မြနေတဲ့ မျက်နှာကျကြောင့် သူ့ရုပ်ဟာ နည်းနည်းလေးတော့ စုတ်ချွန်းချွန်းဖြစ်နေမှာ မှန်ပေမယ့် အညိုရောင်မျက်၀န်းတစုံအောက်မှာတော့ ကျရှုံးခဲ့သူတွေ မနည်းခဲ့ဘူး။ လည်တိုင်ခပ်ကျော့ကျော့မှာ ထင်းနေတဲ့ လည်စိရယ်၊ တောင့်တင်းခိုင်မာတဲ့ ရင်အုပ်တစုံရယ်၊ ကြမ်းရှရှ လက်တစုံရယ်ကြောင့်သာ မဟုတ်ရင် မိန်းမချောလေး ချောတဲ့ကောင်လေးလို့လည်း ပြောနိုင်ကောင်းပါရဲ့။

ရုပ်ရည်က ဘာသုံးစားလို့ရမှာတဲ့လဲ.. သူက လူ့အမှိုက်တခုသာသာပဲလေ။

သူ သေဆုံးခဲ့ချိန်က အရွယ်ကောင်းလို့ ဆိုရလောက်အောင်ပင် ခပ်ငယ်ငယ်ပဲ ရှိသေးတာ။ အသက် ၂၆ နှစ် ဆိုတာ တခြားသူတွေအတွက် ပျော်လို့ပါးလို့ ကောင်းတုန်း။ ချစ်သူခင်သူတွေနဲ့ ဘ၀ကို ဖြတ်သန်းဖို့ ကြိုးစားနေကြတုန်း။ လူငယ်ဘ၀ရဲ့ အရသာကို အပြည့်အ၀ ခံစားလို့ ကောင်းတုန်း။ တခြားသူတွေရဲ့ အဲ့လိုအချိန်မှာ သူကတော့ ထောင်ထဲကို အယောင်ပြ အနေနဲ့ ၀င်တခါ ထွက်တလှည့် လုပ်နေခဲ့လေသည်။

မကောင်းတာတွေ လုပ်နေခဲ့ရလို့လည်း သူ့ကိုယ်သူ သိမ်ငယ်တယ်လို့ မခံစားမိခဲ့ဘူး။ ဒီလမ်းကြောင်းပေါ်မှာ စိတ်စေရာလျှောက်သွားရင်း အရာရာကို ဘက်ကန်တိုက်နေတာကိုက အရသာရယ်လို့ တလွဲအယူအဆတွေနဲ့အပြည့်။

မှားနေမှန်း မသိခဲ့တဲ့အပြင် နောက်မှ ရလာတဲ့ နောင်တက သိပ်ကြောက်စရာကောင်းပါလားလို့ စတင် သိခွင့်ရတဲ့အချိန်ကျတော့ သူ လျှောက်ခဲ့တဲ့လမ်းက လမ်းဆုံးနေပြီ။ သွေးစွန်းနေတဲ့လက်တွေက အကို့ပါးပြင် နုနုလေးတွေပေါ်ကို အကြိမ်ကြိမ် ရိုက်နှက်ပြီးနှင့်နေပြီ။

အကို့အတွက် သူဟာ အိမ်မက်နတ်ဆိုးတကောင် ဖြစ်ခဲ့ရသည်။ အမြဲတစေ ကြင်ကြင်နာနာ ကြည့်တတ်တဲ့ အကို့မျက်၀န်းတွေ အရောင်ပြောင်းလာတဲ့နေ့.. အဲ့နေ့မှာပဲ သူဟာ အယုတ်ညံ့ဆုံး အမှုတခု ကျူးလွန်ခဲ့တာ။ အဲ့ကတည်းက အကိုက သူ့ကို စကားမပြောတော့တာ။ သူ့လုပ်ရပ်ကလည်း မပြောချင်လောက်အောင် ဖြစ်ခဲ့သည်ကိုး။ ပြန်မြင်ယောင်နေတဲ့ စက်ဆုပ်စရာ မြင်ကွင်းတွေ အာရုံထဲက ပျောက်ကွယ်သွားအောင် အဝေးတနေရာကို ငေးကြည့်နေစဉ်..

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now