မာန၏ အခြားတစ်ဖက် 🌟 Part -10

11K 848 27
                                    

Part -  10

                   မာန၏ အခြားတစ်ဖက်

                     🌟🌟🌟🌟🌟🌟

ခါးကနေသိမ်းဖက်ပြီး အခါခါပြန်နမ်းလိုက်တဲ့ အထိအတွေ့ကြောင့် လွှမ်း တစ်ကိုယ်လုံး အားအင်ကုန်
ခမ်းသွားသလို ခံစားလိုက်ရပြီး မြဲမြဲမရပ်နိုင်တော့ပဲလဲကျတော့မလိုတောင် ဖြစ်သွားရပါတယ်။

လူတစ်ကိုယ်လုံး ဒူးညွှတ်ကျသွားပြီး လဲကျမလို
ဖြစ်သွားတဲ့ လွှမ်း ကို ဦးမာန်က အသာထိန်းဖက်
လိုက်ရင်း -----

" ဟာ! !!! လွှမ်းငယ် အရမ်းလန့်သွားတာလား .....
Sorry .... Sorry ပါ လွှမ်းငယ် ရယ် ..... အဲလောက်လန့်သွားမယ်လို့ ကိုယ်မထင်ထားဘူး ..... ငယ်လေး က တကယ်ကို ကလေးလေးပါလား ..... လုံးဝကို အဖြူထည်လေးကွာ ..... ကိုယ်ကလေ လွှမ်းငယ် ကိုမြင်ရင် အရုပ်ကလေးတွေ ..... ကလေးလေး
တွေကို မြင်ရသလိုမျိုး .....စိတ်ထဲမှာခံစားရလို့ ..... နမ်းမိသွားတာပါ "

ကိုယ့်ကို နမ်းပြီးကာမှ လေသံပျော့ပျော့နဲ့ လာရှင်း
ပြနေတာတဲ့လား ။ မိန်းမတကာနဲ့ ကိုယ်ရှေ့တောင်မရှောင်တဲ့သူက ကိုယ့်ကိုလာပြီး ထိတွေ့တဲ့အခါတိုင်း သတိလစ်မတက် ဝုန်းဒိုင်းကြဲ ရင်ခုန်လာတဲ့ ကိုယ့်ကိုကိုယ် ဒေါသထွက်တဲ့ စိတ်နဲ့အတူ လွှမ်း
မျက်ရည်တွေကျလာပါတော့တယ် ။ ကိုယ်ဟာ ဒီ
လောက်အထိအတွေ့လေးကိုတောင် ခံနိုင်ရည်မရှိ
တဲ့သူတဲ့လား ။ ကိုယ့် မျက်ရည်တွေကို မြင်တာနဲ့ ဦးမာန် က -----

" လွှမ်းငယ် ....  ဘာလို့ ငိုတာလဲ .....ကိုယ်တောင်းပန်နေတယ်လေ..... မငိုပါနဲ့ လွှမ်းငယ် ရယ် ..... 
နောက်ဆို ကိုယ် အဲလိုမလုပ်တော့ဘူး .... ဟုတ်
ပြီလား .... ကိုယ်ကတိပေးပါတယ် .....မငိုနဲ့တော့
နော် "

ဦးမာန် က တောင်းပန်နေရင်းနဲ့ ကိုယ့်မျက်တွေကို
လာသုတ်ပေးဖို့ပြင်နေတာကြောင့် သူ့ရင်ခွင်ထဲက
နေ ရုန်းဖယ်လိုက်ရင်း ကိုယ့်ဘာသာ မျက်ရည်တွေကိုသုတ်လိုက်ပါတယ် ။ ပြီးတာနဲ့ -----

" နောက်ဆို ကျွန်တော့်ကို.... ခုလိုတွေမဆက်ဆံပါနဲ့  ..... ဦးမာန် မှာလည်း ......တွဲနေတဲ့မိန်းကလေး
တွေအများကြီးပဲဟာ .....လိုချင်တာ မှန်သမျှ သူတို့
ဆီက ရနေတာပဲမို့လား ..... ကျွန်တော်လို့ ယောက်ျားတစ်ယောက်က .... ဦးမာန် အတွက် ဘယ်နေရာမှာမှ အသုံးဝင်တဲ့သူလည်း မဟုတ်ပါဘူး ..... ဦး
မာန် လိုချင်တာတွေက .... ကျွန်တော့်ဆီကနေ ရ
နိုင်တာမျိုးလည်းမဟုတ်လို့ .... ကျေးဇူးပြုပြီး ကျွန်တော့်အပေါ်မှာ .... အပေါစားလူတစ်ယောက်လို ... မဆက်ဆံပါနဲ့ဗျာ ...... ကျွန်တော်ခံရခက်လွန်းလို့ပါ "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now