Chapter-9

2.3K 471 27
                                    


Unicode

ဗီလိန်ကအကြံကြီးတဲ့ဘော့စ်


ကားက ဂူရှီးယွီရဲ့ဗီလာရှေ့မှာရပ်သွားသည်။
ကားရပ်သွားပေမယ့် မဆင်းလာသေးဘဲ ဒီတိုင်းကားထဲတွင်ထိုင်နေကြသည်။
"ကိုယ်တို့ မင်္ဂလာပွဲကိစ္စကနောက်မှဆွေးနွေးကြမယ်။
နောက်တပတ်လောက်အတွင်းမှာ စိတ်ကြိုက်၀တ်စုံတွေအကုန် မင်းအိမ်ကိုပို့ပေးလိုက်မယ်။
ဒါမှလည်း သူတို့ကကိုယ်မင်းကိုတောဂနိုင်ထဲကခေါ်လာတယ်လို့ မထင်တော့မှာ"
လောလောလတ်လတ်မှ အမွေယွမ်၅မီလီယံရလာတဲ့ ကျီချင်ကထိုသို့ပြောလာသည်။

ဂူရှီးယွီနှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပီး
"ကျေးဇူးပဲ၊ဒါပေမယ့် ခများပေးတဲ့၀တ်စုံကိုမလိုချင်ဘူး။
ခများတို့ရဲ့အထက်တန်းလွှာပါတီပွဲမှာလည်း အာရုံစိုက်မခံချင်ဘူး"
သူက အထက်တန်းလွှာပုဂ္ဂိုလ်လည်းမဟုတ်သလို ဌာနာချုပ်ကိုစိတ်ဒုက္ခပေးနေတဲ့ 'ပစ်မှတ်' ကြီးနဲ့လည်း မင်္ဂလာမဆောင်ချင်ပါ။
လင်ဖန်းရူပြောတဲ့စီးပွားရေးပါတီပွဲမှာပါတဲ့ အကြောင်းအရာတွေကလည်း သူနားမလည်တဲ့အရာတွေဆိုတော့ ပိုလို့တောင်စိတ်မ၀င်စားဘူး။

Systemကလည်း အဲ့နေရာသွားဖို့အကြောင်းအရာတွေ ရည်ညွှန်းမလာဘူး။
အဲ့အစား ကျီချင့်ကိုတောင်အ၀တ်ကြွေးတွေက တင်သွားဦးမယ်။
ကျီချင်ကထပ်ပြောလာသည်
"မင်းရဲ့ငယ်ချစ်ဦးလေး ဖူနင်လည်းအဲ့ပါတီမှာရှိမှာ။
မင်းတကယ်မသွားဘူးလား"
ဂူရှီးယွီက တုံ့ဆိုင်းနေပီးမှ ပြန်စဥ်းစားကြည့်တော့ ပစ်မှတ်နဲ့အချိန်အကြာရီးအနီးကပ်ရှိလေ မစ်ရှင်လုပ်ရအဆင်ပြေလေဆိုတာကို တွေးမိသွားသည်။

ရုတ်တရက် ဖူနင်နာမည်ကြားလိုက်တော့ သူပါတီပွဲမသွားချင်တဲ့စိတ်က ပိုခိုင်မာလာသည်။
ထို့နောက် ကျီချင်ရဲ့စိတ်လှုပ်ရှားနေသလိုအမူအရာကိုကြည့်ပီး ဂူရှီးယွီတယောက် ပဟေဠိဖြစ်နေဆဲမှာပဲ
"ခများက အဲ့ပါတီမှာသူနဲ့ကျနော်ဘာလိုလိုဖြစ်နေတာကို ဖော်ထုတ်သလိုလိုနဲ့ အကြောင်းရှာပီး ကျနော်နဲ့လမ်းခွဲချင်နေ
တာမလား"
ကျီချင်ကမငြင်းဆန်ဘဲ သူ့မျက်လုံးထဲမှာသနားတဲ့အရိပ်အရောင်များ ဖြတ်ပြေးသွားကာ
"မဟုတ်တာ၊အဲ့လိုလုပ်စရာလား"

ဗီလိန်ကငါ့Systemကို၀င်စီးသွားတယ်{မြန်မာဘာသာပြန်}Where stories live. Discover now