Special Extra-2

1.5K 203 14
                                    

Unicode...

"ဦး​ရေ ဦး​ရေ ဦး​ရေ... ခခ​လေး ပျင်း​နေတယ် ဦး​ရေ... ဒီ​နေ့ဆိုင်လည်းမဖွင့် ဦးကလည်းအလုပ်နားတာကို ဦးမို့ ခခကိုပစ်ထားရက်တယ်​နော်"

ကျွန်​တော်စာအုပ်ဖတ်​နေရင်းက ခခ​ရဲ့ အသံဆာဆာ​လေးကိုကြားပြီးပြုံးမိတယ်။ သူက​တော့ ကျွန်​တော့်အိမ်​နေရင်းအင်္ကျီအပြဲ​တွေကိုချုပ်ရင်း တတွတ်တွတ်ညည်းတွား​နေ​လေရဲ့။

ဒါနဲ့ကျွန်​တော်ဖတ်လက်စစာအုပ်ကိုချ၊ ခခ​အ​နောက်ကိုသွားပြီး ဇက်ကြောများတက်​နေမလားလို့ နှိပ်​ပေးလိုက်တယ်။ ခခ​လေးက အလိုက်တသိပါပဲ။ ကျွန်​တော့်ကို​​ခေါင်းငုံ့​စေပြီး နှုတ်ခမ်းချင်းထိတယ်ဆိုရုံ နမ်းလိုက်တယ်။

"ကို့ခခ​လေး ပျင်း​နေတာဆို​တော့ ဘာများလုပ်ချင်သလဲ​လေ"

ဆိုလိုက်​တော့ ခခကလုပ်လက်စကိုရပ်ပြီးတစ်ခုခုကိုစဉ်းစား​နေဟန် ​မေး​​စေ့ကိုလက်ညှိုးနဲ့​ထောက်ထား​လေရဲ့။ အဲဒီအချိန်မှာပဲ အိမ်​ရှေ့က​ခြေသံအချို့ကြားရပြီးတဲ့​နောက် မီး​လေးတို့လင်မယားဝင်လာပါ​လေ​ရော။

"ဟာ ဒယ်ဒီတို့သာယာ​နေတာပါလား...ဒီ​နေ့ မီးတို့လည်းပျင်းလို့ ဒယ်ဒီတို့ဆီအလည်လာတာ"

မီး​လေးက ဧည့်ခန်းဆီ​လျှောက်လာရင်း နှုတ်ဆက်​တော့ ကျွန်​တော်လည်း ခခလည်ပင်းကိုဖက်ထားရာက​နေ ဆိုဖာ​ပေါ်ပြန်ထိုင်ဖို့ပြင်ရ​တော့တာ​ပေါ့။

"ဟာ အကြံရပြီ"

မီး​လေးတို့ဝင်ထိုင်ချင်းမှာပဲ ခခကလက်​ဖျောက်တစ်ချက်တီးပြီး ​ခါးမတ်​​လေတယ်။ အဲဒါနဲ့ မီး​လေးတို့​ရော ကျွန်​တော်​ရော ခခဆီအကြည့်​ရောက်ကြ​ရော။ ခခက ကျွန်​တော့်ကိုကြည့်ပြီး သူ့အကြံဆိုတာကိုဆက်​ပြောတယ်။

"အကြံရပြီဦး...မီး​လေးတို့လည်းလာတယ်ဆို​တော့ ဖဲရိုက်ရ​အောင်​လေ ဟီးဟီး"

ခခရဲ့စကားအဆုံးမှာ ​လေး​ယောက်သားတစ်​​ယောက်တစ်လှည့်ဆီအကြည့်ချင်းဆုံကြပြီး​​တော့ မျက်ဝန်း​တွေက​နေတစ်ဆင့်သ​ဘောတူနားလည်မှုရခဲ့ကြပါ​ရောဗျာ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now