အပိုင်း { ၂၀ }

26.7K 4.1K 348
                                    

                           [ Unicode ]

ညစာစားပြီးတဲ့နောက်မှာ ခွန်စိုင်းက အိမ်အပေါ်ထပ်သို့အရင်တတ်သွားသည်။

ဒီနေ့ ညစာကအရင်ရက်တွေထပ် ဟင်းစုံလင်စွာစားကောင်းသော်လည်း အတွေးများစွာနဲ့ ခွန်စိုင်းမှာလျှာပေါ်ဘာအရသာမှန်းမသိခဲ့ ။ ခွန်စိုင်းအိပ်ခန်းထဲရောက်တာနှင့် ခေါင်းအုံးအောက်ကစာကိုယူကာ တခဏမျှကြည့်ပြီး..ဖွင့်လိုက်သည်။ အထဲတွက် အဖြူရောင်စာရွက်လေးနှစ်စောင်တွေ့တာကြောင့် ယူဖတ်ကြည့်တော့ မေမေ့ဆီကစာနှင့် လွင်မိုးထွေးဆီကဖြစ်သည်။ ခွန်စိုင်း အရင်ဆုံး မေမေ့ဆီကစာကိုဖွင့်ဖတ်လိုက်သည်။

” သို့..

သားလေး နေကောင်းရဲ့လား၊ ဘယ်တွေခရီးလွန်နေတာလဲကွယ် အိမ်ပြန်မလာတာတောင်ကြာပြီ၊ သားသူငယ်ချင်း လွင်မိုးတောင်အိမ်ပြန်ရောက်နေပြီ၊ မေမေ့ ဆီ စာမလာ၊သတင်းမကြားနဲ့ မေမေဖြင့်စိတ်ပူလိုက်တာကွယ် ၊ ဖြစ်နိုင်ရင် သား အိမ်ကိုပြန်လာပြီးနားနားနေနေ ပြန်နေဦး​လေ ။ ပြီးတော့ တစ်ခုရှိသေးတယ်.. မေမေကသားပြန်လာမှပြောမယ်လို့စိတ်ကူးပေမယ့် မစောင့်နိုင်လို့အခုတည်းကတစ်ခါတည်းကြိုပြောရဦးမယ် ။ ဒီမှာ မေမေသားအတွက် သတိုးသမီးလောင်းရှာထားပြီးပြီနော်..ဒီရောက်မှ သားကိုယ်တိုင်ကြည့်ပေါ့၊ မေမေကတော့ သားနဲ့သင့်တော်မယ်ထင်လို့စီစဥ်မလားလို့..ဒါပေမယ့် သားဆန္ဒပါဦးမှပါ ။ ကဲ မြန်မြန်ပြန်လာတော့ သားငယ်.. မေမေစောင့်နေမယ်နော် ”

စာအဆုံးမှာ ခွန်စိုင်းမျက်လုံးပြုံးကာအံအားသင့်သွားရသည်။ မေမေကသူ့အတွက်သတို့သမီးလောင်းရှာထားတယ် တဲ့။ ခွန်စိုင်းတော့ခေါင်းကြီးပြီ၊ အရင်ကအခြေအနေမျိုးနဲ့ဆို မေမေ့စကားနားထောင်ပြီးအလိုက်သင့်နေလိုက်လို့ရပေမယ့် အခုချိန်မှာ ခွန်စိုင်းက ကွေးသွား​ပြီ​လေ.ဒါကို ဘယ်လိုလုပ်လက်ခံလို့ရပါတော့မလဲ?။

မထင်မှတ်ထားတဲ့ မေမေစကားကြောင့်ခွန်စိုင်းရင်ထဲကမပျော်ရွင်မှု့တို့က မျက်နှာမှာပေါ်လွင်လို့နေတော့သည်။ အဲ့နောက် ခွန်စိုင်းက လွင်မိုးထွေး ဆီကစာကိုဖတ်သည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now