10.4K 931 23
                                    

အပိုင်းတစ်

ပေကျင်း နိုင်ငံတကာ လေဆိပ်... အထူး နားနေခန်း

ယွမ်ထန်းသည် ခေါင်းငုံ့လျက် အနေအထားဖြင့် အထူးနားနေခန်းထဲတွင် ထိုင်ကာ ဖုန်းကစားနေသည်။ ပထမဆုံးအကြိမ် တင်ဆက်မည့် အစားအသောက်ရှိုးပွဲကို သူ မနေ့က အသံသွင်းခဲ့ပြီး သည်နေ့တွင် မွေးရပ်မြေမြို့သို့ ပြန်ရန် ပြင်ခဲ့ဖြစ်သည်။

သူက စီနီယာ ဖုဘလော့ဂါ တစ်ယောက်အနေဖြင့် ၀က်ဆိုဒ်တွင် ပရိတ်သတ် သန်းကျော်၇ှိကာ အလွန် ကျော်ကြားသည်။ သူ၏ ခမ်းခမ်းနားနား ရှိသော ဟင်းလျာတွေနှင့် ထူးခြားကောင်းမွန်လှသော တီထွင်ပြင်ဆင်နိုင်စွမ်းတွေက သူ၏ လက်ရာတွေကို ရွှေထက်ကောင်းမွန်စေသည့် အာမခံချက်တွေ ဖြစ်သည်။

သူ၏ မိဘနှစ်ပါးလုံးက စာဖိုမှူးတွေဖြစ်ကြသဖြင့် သူက ငယ်စဉ်ကတည်းက သည်နယ်ပယ်ထဲ ကျွမ်းဝင်မှုရှိခဲ့သည်။နောက်ပိုင်းတွင် သူသည် နိုင်ငံခြားသို့ သွားကာ အနောက်ပိုင်း အစားအသောက် ယဉ်ကျေးမှု၊ ပြင်ဆင်ပုံ စသဖြင့် အားလုံးကို လေ့လာခဲ့သည်။သူက ကွဲပြားသော အစားအသောက် ပုံစံနှင့် ယဉ်ကျေးမှုကို ပေါင်းစပ်ခဲ့၏။ သူ၏ ဟင်းပွဲတွေက ပိုပြီး ကြီးကျယ်ခမ်းနားကာ သူ လုပ်သမျှသော ဟင်းလျာတိုင်းဟာ အနုပညာ လက်ရာ တစ်စိတ်တစ်ပိုင်းကဲ့သို့ လှပလွန်းပေသည်။ထိုဟင်းပွဲတွေတွင် အနောက်တိုင်း စတိုင် ကြည့်ကောင်းလွန်းခြင်းဆိုသည့် သဘောတရားက ပါဝင်နေပြီး အရှေ့ပိုင်း တရုတ်စတိုင် ကောင်းမွန်သည့် အရသာက အပြည့်၇ှိသည်။ထို့ကြောင့် အဆင့်အတန်းမြင့် စားသောက်ဆိုင်ကြီးတွေတွင်ဖြစ်စေ အွန်လိုင်းပေါ်တွင်ဖြစ်စေ အလွန် ကျော်ကြားပေသည်။

ယခု အစားအသောက်ပြပွဲသည် အနောက်တိုင်းနှင့် အရှေ့တိုင်း ယဉ်ကျေးမှုကို ပေါင်းစပ်ရာတွင် အဓိက ထားသည်။ယွမ်ထန်းကဲ့သို့ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးတွေသာမကလေဘဲ ပြည်တွင်းရှိ နာမည်ကြီး ကြယ်ငါးပွင့်အဆင့် စာဖိုမှူးတွေကိုလည်း တာဝန်၇ှိသူတွေက ဖိတ်ကြားထားသည်။

အားလုံးက ထိုနေရာတွင်ပင် ကိုယ်ပိုင် ဟင်းပွဲတွေ ချက်ပြုတ်ရကာ ဒိုင်တွေနှင့် ပရိတ်သတ်ဆီမှ အဆုံးအဖြတ်ခံယူရသည်။သူတို့ ချက်ပြုတ်ရာတွင်လည်း အခြားသူတွေ၏ ချက်ပြုတ်သည့် ပုံစံတွေကို ဆွေးနွေးနိုင်သည်။အချင်းချင်း အတွေ့အကြုံ ဖလှယ်နိုင်ကာ သူတို့၏ လက်ရာကို တိုးတက်လာစေရန် ရည်၇ွယ်သည်။သူပင် ဥာဏ်ကွန့်မြူးခဲ့လေပြီး အိမ်ပြန်ရောက်လျှင် ဟင်းပွဲအသစ်တွေ ပြင်ဆင်ရန် စိတ်ကူးရခဲ့၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now