Episode-1

20.5K 711 69
                                    

♡Unicode version♡

ကလင်!!!  ကလင်!!!!!  ကလင်!!!!!!!

နေ့လည်ကျောင်းဆင်းချိန်၁၂နာရီတိတိထိုးတာနဲ့လျှပ်စစ်ခေါင်းလံသံဟာပေကျင်းအစိုးရအထက်တန်းကျောင်းခန်းတွေအတွင်းမိနစ်အနည်းငယ်ကြာသည်အထိသောသောကိုညံလို့။

လှုပ်လှုပ်ရွရွဖြစ်လာကြပြီးနောက်စာသင်ခန်းရှေ့စကြ်ံလမ်းထက်ဝေါခနဲအခန်းကိုယ်စီကထွက်လာကြသည့်ကျောင်းသားကျောင်းသူတွေဟာဖွေးဖွေးလှုပ်လျှက်။

သူသူငါငါစကားပြောသံတွေ လှုပ်ရှားသွားလာသံတွေကျွက်စီကျွက်စီနှင့်သက်ဝင်လှုပ်ရှားနေသည်ကသာမာန်ကျောင်းဖွင့်ရက်လေးလိုပါပဲလို့ရိပေါ်တွေးလိုက်မိတာစောများသွားသလားပဲ။

"ကန်တင်းလိုက်မှာလား ရိပေါ်!..."

ခုံပေါ်ပြန့်ကျဲနေသည့်ကျောင်းစာအုပ်တွေခပ်သွပ်သွပ်ထိုးထည့်ရင်းဖေရှီးတစ်ယောက်သူဘာသူယောက်ယက်ခတ်နေရာမှနဘေးကရိပေါ်ကိုလှမ်းမေးတယ်။

"မားကထမင်းဗူးထည့်ပေးလိုက်တယ်ဖေရှီးရ..."

အတန်းဆင်းသည်အထိnote bookလေးနဲ့တကုတ်ကုတ်စာလုပ်နေဆဲရိပေါ်ကနှာထိပ်လုံးလုံးလေးပေါ်လျှော်ကျနေသည့်မျက်မှန်ကိုင်းကိုလက်ညှိုးလေးနဲ့အသာပင့်တင်ရင်းပြန်ဖြေလာပေမဲ့ခေါင်းတော့မော့မလာ။

ချယ်ရီပွင့်ဖက်လိုပန်းရောင်စိုစိုပြေးနေသည့်နှုတ်ခမ်းဖူးဖူးလေးကိုတင်းတင်းစေ့ပိတ်ထားရင်းမျက်မှောင်လေးကျုံ့ကာသခ်ျာပုစ္ဆာတစ်ပုဒ်ကိုဂရုတစိုက်တွက်ချက်နေခြင်း။

အဖြူနဲ့အပြာစပ်ယက်ထားသည့်ကျောင်းဝတ်စုံပွပွအောက်မှာကိုယ်လုံးပုံ့ပုံ့လေးကမြုပ်လုမြုပ်ခင်ခပ်သေးသေး။ဖြူဖွေးနုအက်နေသည့်အသားအရည်ကဒိန်ခဲဖြူဖြူလေးလိုကိုက်များကိုက်မိရင်စိမ့်များစိမ့်လေမလား။

နီရဲနေသည့်လက်ထိပ်လေးတွေနဲ့ဖောင်တိန်ကိုဖိကိုင်ထားရင်းဦးနှောက်ပိစိကလည်းတခုခုကိုအပြေးအလွှားစဥ်းစားနေဟန် နှုတ်ခမ်းဖူးဖူးလေးကလည်းတစုံတခုကိုနှုတ်တိုက်ရေရွတ်နေတယ်။

"သရီး ပိုင် အာ စ ကွဲ မိုင်းနက်..."

"ဒါဆို ရိပေါ် ငါသွားမယ်နော်..."

LOVE ME,OK![Complete]Where stories live. Discover now