မာန၏ အခြားတစ်ဖက် 🌟 Part -11

10.3K 797 15
                                    

Part - 11

မာန၏ အခြားတစ်ဖက်

🌟🌟🌟🌟🌟🌟🌟

ခုံပေါ်မှာတင်ထားတဲ့ဖုန်းကို အသံပိတ်လိုက်ပြီးမှ
ခုံပေါ်မှာ ပြန်ချထားလိုက်တယ် ။ မတော်တဆ
ဖုန်းဝင်လာရင် ဦးမာန် အိပ်နေရာကနေ နိုးသွားမှာစိုးလို့ပါ ။

တံခါးက Lock ချထားလို့ အခန်းထဲကို ဘယ်သူ့မှ
ဝင်လာလို့မရဘူးဆိုတာ သေချာနေတာမို့ ကိုယ့်
ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဦးမာန် ကို သေသေချာချာကြည့်နေမိတယ် ။ အမြဲတမ်းမှုန်ကုတ်နေတဲ့ မျက်နှာက ခုတော့လည်း သူမဟုတ်တဲ့အတိုင်း
ငြိမ်းငြိမ်းချမ်းချမ်းလေး ။

ထူထူထဲထဲမျက်ခုံးတစ်စုံရဲ့အောက်မှာတော့ ခပ်စိတ်စိတ်မျက်တောင်လေးတွေက ခပ်စဉ်းစဉ်းလေး ။
လေးထောင်စပ်စပ်မေးရိုးတွေဟာ ဦးမာန် ရဲ့ယော
က်ျားပီသတဲ့မျက်နှာနဲ့ တကယ်လိုဖက်လွန်းနေတာပါ ။

မျက်လုံး ၊ မျက်ခုံး ၊ နှာတံ ၊ နှုတ်ခမ်း တစ်ခုချင်းစီကနေစပြီး စွဲဆောင်မှုရှိလွန်းတဲ့ ဒီလူသားဟာ မိန်းကလေးတွေရဲ့ အချစ်ကိုလည်း သိမ်းယူထားနိုင်တဲ့သူ ။ စတွေ့တဲ့အချိန်တုန်းက ဘယ်လိုမှကြည့်မရခဲ့တဲ့ ဒီလူသားကို အချိန်ခဏလေးအတွင်းမှာ ဘာ
ကြောင့်သဘောကျသွားမိတာပါလိမ့် ။

ဦးမာန် ရယ် ခင်ဗျားက လူတိုင်းအပေါ်ကို စိုးမိုးနိုင်မဲ့ ကုသိုလ်ကံ ပါလာတဲ့သူထင်ပါရဲ့ ။

အလုပ်စားပွဲပေါ်က နာရီသံဟာ မရပ်မနား
မြည်နေသလို အချိန်တွေကလည်း တဖြည်းဖြည်း ကုန်လာပါတယ် ။ ဦးမာန် ကတော့ ခုချိန်ထိ
ကိုယ့်ပေါင်ကို ခေါင်းအုံးပြီး နှစ်ခြိုက်စွာ အိပ်နေ
တုန်း ။

အခုဆို နှစ်နာရီကျော်လောက်တောင် ရှိရောပေါ့ ။ ခေါင်းအုံးထားတဲ့ ပေါင်တစ်ဖက်က ထုံပြီးကျင်
တက်လာပေမယ့် ကိုယ်လှုပ်လိုက်ရင် အိပ်ရာက
နေနိုးသွားမှာစိုးတာနဲ့ ပေပြီး ငြိမ်နေလိုက်တယ် ။ ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်နေတဲ့ ဦးမာန် မျက်နှာကို အနီးကပ်လေးငုံ့
ကြည့်နေမိတဲ့အချိန် -----

ဝုန်းခနဲမြည်သံနဲ့ တံခါးကိုစောင့်ပြီးဖွင့်ပြီး အခန်းထဲကိုဒေါသတကြီး ဝင်လာတဲ့အမျိုးသမီးကြောင့် လွှမ်း
ကိုယ်တိုင်လည်းလန့် သွားသလို ဦးမာန်လည်း အိပ်
နေရာကနေ နိုးသွားပါတော့တယ် ။ အခန်းတံခါးက lock ချထားရဲ့သားနဲ့ ဘယ်လိုဝင်လာတာလဲလို့
တွေးနေမိချိန် ဦးမာန်က ထထိုင်လိုက်ပြီး -----

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now