အကြင်နာနှင့် နွေးထွေးသော အရိပ်

10K 802 80
                                    

Unicode

ဒီနေ့က နေ့ထူးနေ့မြတ်တို့ရဲ့.... နေ့

နေ့ထူးနဲ့နေ့မြတ်ဆိုတဲ့ ကလေးနှစ်ယောက်က အသက်တစ်နှစ်ကွာတယ်။ မွေးရက်ကမတူပေမဲ့ မွေးလက တူတယ်။ ဒီနေ့က နေ့ထူးနေ့မြတ်တို့ရဲ့ မွေးနေ့ ကျင်းပနေတာ။ မွေးလတစ်လထဲဆိုတော့ မွေးနေ့ပွဲကို ခွဲပြီးမကျင်းပနိုင်ဘူး။
သိတဲ့အတိုင်း မွေးသဖခင်ကျေးဇူးရှင်နှစ်ယောက်လုံးက အရှားပါးဆုံးမေးရင် အချိန်ပဲ။
တစ်ယောက်ကလဲ မှော်ထဲမသွားဘူးဆိုတာ ယုံတမ်းစကား..
ပြောလဲမောင်ပြောပဲ... ဘယ်သူကမှ မယုံဘူး။

ဟော...နောက်တစ်ယောက်ကလဲ တူတူပဲ.... ဆေးရုံကို မစွန့်လွှတ်နိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ နယ်မြို့ဆေးရုံဆိုတာက လူနာတွေသိပ်အားကိုးကြတာ။
တကယ်ပဲ ပြည်သူ့ဆေးရုံကိုအားကိုးကြသူတွေပဲရှိတယ်။
ပုဂ္ဂလိကဆေးရုံတွေလဲ ရန်ကုန်လောက်မများပေမဲ့ ရှိပါတယ်။
တကယ်အရေးကြီး case တွေကတော့ ဆေးရုံပဲ လာကြရတာလေ။

ဗန်းမောက် ပတ်ဝန်းကျင်ရွာတွေကလဲ အားကိုးတကြီး လာပြတာတွေရှိတော့...ဒေါက်တာလင်းသန့်ကြည်အလုပ်မထွက်နိုင်ဘူးရယ်။
ကလေးနှစ်ယောက်ရနေပြီ။
တိုးလို့တွဲလောင်းနှစ်ကောင်ကို သူ့အဖေက ကလေးထိန်းတွေနဲ့ စိတ်မချဘူးလေ။
ဒါကြောင့် ကလေးနှစ်ကောင်ကိုလဲ ထိန်းရသေးတာ။

မောင်ပြောခဲ့သလိုပါပဲ.... မောင့်အမေရော ငယ်ထွေးအမေရော ဗန်းမောက်ကို လာနေပေးကြရတယ်။
တကယ်ကို အမေတွေကို အားနာရတယ်။
သူတို့ဘာသူတို့ ဘုရားနဲ့တရားနဲ့အေးချမ်းနေတာကို မနေနိုင်အောင်လုပ်တယ်လေ။
ကလေးနှစ်ကောင်နဲ့ လင်းသန့်ကြည်ဘာမှ မလုပ်တတ်မှာကိုသိလေတော့ လာကြရပြီပေါ့။
မောင့်တူမလေးရောပဲ....ဖွားအေတွေနောက်လိုက်လာရတယ်။

မိုးလင်းရင် လင်းသန့်ကြည် အရင်လို အိပ်ပုတ်နေလို့မရတော့ဘူး။
ကလေးကိစ္စကို ကိုယ်တိုင်လုပ်ရတယ်။
ကူလုပ်ပေးဖို့ရာ အကူတွေအိမ်မှာအများကြီးရှိတယ်။
ဒါပေမဲ့ သူတို့နဲ့ပဲ လွှတ်မထားနဲ့ မကြိုက်ဘူး။
ဘယ်သူမကြိုက်တာလဲ....သိကြလား။
အဲ့တော့.... ကိုယ်တိုင်ပဲ မွေးထားတာလေးတွေကို ပြုစုရတယ်။
လင်းသန့်ကြည် ကိုယ်တိုင်ကလဲ ကလေးတွေကို ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တာလဲ ပါတာပေါ့။
ဆေးရုံတစ်ဖက်...ကလေးတစ်ဖက်နဲ့ပဲ...ဖတ်ဖတ်သီနေရတဲ့နေ့ရက်တွေပါ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now