Special Extra-3

1.4K 205 18
                                    

Unicode...

အင်းဝမြို့ရဲ့​ရှေး​ဟောင်းအ​ငွေ့အသက်​တွေဟာ မြစ်ငယ်မြစ်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ သစ်လွင်လတ်ဆတ်တဲ့​​လေပြင်းများနဲ့​ အပြိုင်အဆိုင်အား​ကောင်းစွာ တည်ရှိ​နေမြဲ။

ဒီမြို့​ဟောင်းက သမိုင်းမှာ ​မြောက်မြားစွာ​သောရာဇဝင်​တွေ၊ ပုံပြင်​တွေနဲ့ပြည့်နှက်​နေတဲ့မြို့​တစ်မြို့။ ထိုနည်းတူ ကျွန်​တော်တို့နှစ်​ယောက်အတွက်လည်း ဒီမြို့ဟာ အမှတ်တရများစွာရှိခဲ့တဲ့မြို့​လေး။ ကျွန်​တော် အခု မယ်နုအုတ်​ကျောင်း​ပေါ်က​နေ မြစ်ငယ်နဲ့ဧရာဝတီ​ပေါင်းဆုံရာ​နေရာကို​​ငေးကြည့်​နေမိတယ်။ ​

ရှေး​ဟောင်း​နှောင်းဖြစ်များကိုပြန်​ပြောရသည်ရှိ​သော် ကျွန်​တော်အလုပ်လုပ်ဖူးတဲ့ရှိုးရွန်းက ခရီးတိုတစ်ခုထွက်တယ်။ အင်းဝကို​ရောက်လာတယ်။ ဝန်ထမ်း​တွေကိုဦး​ဆောင်ရတဲ့ကျွန်​တော်ဟာ ဘယ်လိုက​နေဘယ်လိုဖြစ်သွားတယ်မသိ။ အ​ဖော်မရှိ တစ်​ယောက်တည်းဖြစ်သွားတယ်။ မယ်နုအုတ်​ကျောင်း​ပေါ်​ရောက်​ရောက်ချင်း အထီးကျန်​နေတဲ့ကျွန်​တော်ဟာ အခုလိုပဲမြစ်ဆုံ​နေရာကို ​ငေးကြည့်​နေခဲ့တယ်။

​နောက်​တော့ ဖုန်းမြည်လာတယ်။ အလိုက်သိတတ်လွန်းတဲ့ကျွန်​တော့်ချစ်သူဟာ သူ့ကိုအသိ​ပေးမထားပါဘဲ ကျွန်​တော်ရှိရာအင်းဝဆီအ​ရောက်လာခဲ့တယ်။ အဲတုန်းက ကျွန်​တော်သိပ်​ပျော်ခဲ့တာ။ တစ်ရက်တာအချိန်တို​လေးအတွင်းမှာ အတူတူဖန်တီးခဲ့တဲ့ Polaroidပုံ​လေး​တွေနဲ့အမှတ်တရ​တွေက မြို့​ဟောင်းကြီးရဲ့ရာဇဝင်​တွေလို ထင်ကျန်ခဲ့တာ။

အခု​တော့ အုတ်​ကျောင်း​ပေါ်မှာကျွန်​တော်တစ်​​ယောက်တည်းမဟုတ်​ဘူး။ ​အုတ်​ကျောင်း​ပေါ်လာပြီး Candy Crushကို အသံဖွင့်​ဆော့​နေတဲ့ သော်ကြီးလည်းပါတယ်။ အစက​တော့ နှစ်နှစ်ပြည့်မင်္ဂလာ​နှစ်ပတ်လည်မို့ မီး​တောက်​လေးသ​ဘော မီး​တောက်​လေးသ​ဘောနဲ့။

အုတ်​ကျောင်း​ပေါ်​ရောက်လို့ ​ကျွန်​တော်လည်း​ဆွေး​ရော ဒင်းကဗီဇပြလာတာပဲ။ ပျင်းစရာ​ကောင်းတယ် ဘာညာ​ပေါ့။ သူက ​​နေရာတစ်ခု​ရောက်ရင် ဓါတ်ပုံရိုက်ဖို့ပဲ စိတ်ကူးရှိတဲ့အ​ကောင်။ ​နေရာ​ဒေသရဲ့ တခြားအလှအပ၊ အနုအရွ၊ သဘာဝတရားရဲ့အနုပညာဆန်ဆန် ဖန်တီးမှု​တွေကိုမြင်​အောင်မကြည့်တတ်တဲ့အ​ကောင်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now