Intro

25.4K 1K 39
                                    

ဇာတ်လမ်းပါ အ​ကြောင်းအရာများသည် စာ​ရေးသူ၏ စိတ်ကူးယဥ်သက်သက်သာဖြစ်တာ​​ကြောင့် အမှားပါခဲ့လျှင် စာ​ရေးသူရဲ့အမှားအယွင်းသာဖြစ်သည်။

More Than Love

War of Vampire and Werewolf......

ဂျိုဆွန်း​​ခေတ် ဂျွန်မင်းကြီး အုပ်ချုပ်​သောအချိန်တွင် တိုင်းပြည်သည် စည်ပင်၀ဖြိုးပြီး လူတန်းစိပင် ​ငွေကို​ရေလိုသုံးနိုင်ခဲ့ကြသည်.......ဂျိုဆွန်းပြည့်ရှင် မင်းကြီးသည် ဂိုဂူ​လျောတိုင်းပြည်ကိုပါ သိမ်းပိုက်ထား​သော​ကြောင့် ဟန်းဂုတွင် အင်အားအကြီးဆုံး ပြည့်ရှင်​ထောင်ဖြစ်လာခဲ့သည်.....။ ကျန်ရှိ​နေ​သော ဘတ်ဂျယ်တိုင်းပြည်နှင့် ရှိလာတိုင်းပြည်ကို​တော့ လုံး၀မထိခဲ့ပါ......ထိုတိုင်းပြည်​တွေသို့ ​ရောက်သွား​သော မည်သည့် တိုင်းသူပြည်သားမဆို အသက်ရှင်၍ ပြန်လာနိုင်သည့်အခွင့်အလမ်းပင်မရှိ.....။ထို့​ကြောင့် ဂျွန်မင်းကြီးသည် ထိုတိုင်းပြည်​တွင်းသို့ သွားလာခွင့်​တွေကိုပါ ပိတ်ပင်ထားခဲ့သည်။

ဂျွန်မင်းကြီး အုပ်မချုပ်ခင် ဘိုး​ဘေး​တွေလက်ထက်ကတည်းက ဘတ်ဂျယ်နဲ့ရှီလာတိုင်းပြည်မှ ဘုရင်များဖြင့် ဘယ်လိုမှငြိမ်းချမ်း​ရေးယူရန် ညှိနှိုင်း၍ မရခဲ့​ပေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဂျွန်မင်းကြီး အုပ်မချုပ်ခင် ဘိုး​ဘေး​တွေလက်ထက်ကတည်းက ဘတ်ဂျယ်နဲ့ရှီလာတိုင်းပြည်မှ ဘုရင်များဖြင့် ဘယ်လိုမှငြိမ်းချမ်း​ရေးယူရန် ညှိနှိုင်း၍ မရခဲ့​ပေ.....။
ဒီကမ္ဘာ​မြေကြီးမှာ ကျွန်​တော်တို့​တွေ​မွေးဖွားမလာခင်ကတည်းက ​သွေးစုတ်​ဖုတ်​ကောင်များနှင့် ၀ံပု​လွေမျိုးနွယ်စုများရှိကြသည်။ ထိုမျိုးနွယ်နှစ်ခုကလဲ တစ်ခါမှ မတည့်စွာ ​တွေ့လျှင် ကိုက်ဖြတ်​နေကြသည်.....။ဘတ်ဂျယ်တိုင်းပြည်တွင် ​သွေးစုတ်ဖုတ်​ကောင်များ ​နေထိုင်ကြပြီးယခုချိန်တွင် ဟန်အွန်းဂျာအမည်ရှိသည့် မင်းကြီးကအုပ်ချုပ်သည်။ ရှီလာတိုင်းပြည်တွင် ၀ံပု​လွေမျိုးနွယ်စုများ​နေထိုင်ကျက်စားကြပြီး ကင်​ယောင်းဟွာအမည်ရှိသည့် မင်းကြီးအုပ်ချုပ်သည်....။ထိုသတ္တဝါတို့သည်လည်း လူပုံအသွင်ဖြင့်သာ ​နေ့စဥ်သွားလာလှုပ်ရှားကြပြီး တိုက်ပွဲအချိန်ကျ​ရောက်မှသာ မူလပုံစံအသွင်သို့ ​ပြောင်းလဲတိုက်ခိုက်ကြသည်.....။ဂျိုဆွန်းတိုင်းပြည်နှင့် ဂိုဂူ​လျောတိုင်းပြည်တွင်​တော့ လူသားမျိုးနွယ်များသာ​နေထိုင်ကြသည်.......လူသားတို့သည် ထိုအန္တရာယ်ကြီး​သော မျိုးနွယ်စုတို့ကို မထိပါးရဲကြ​ပေ......လူသားတို့တွင် တိုက်ခိုက်ရန် ဓါး​တွေမြှား​တွေသာရှိပြီး ထိုအမျိုးနွယ်​တွေတွင်​တော့ ချွန်ထက်​သော အစွယ်များဖြင့် အလွန်မှ ​ကြောက်ဖို့​ကောင်းလှပါသည်။
▪︎
▪︎
▪︎
▪︎
▪︎
▪︎
ရှီလာ​တိုင်းပြည်

More  Than  Love::TK::{Completed}Where stories live. Discover now