အပိုင်း - ၇

42.9K 3.6K 32
                                    

U&Z

ညနေစောင်းမှောင်ရီပျိုးလာတာနဲ့တစ်ရွာလုံးရှိ အိမ်တိုင်းအိမ်တိုင်းရဲ့ခြံဝတံခါးပေါက်လှေကားထစ်လက်တန်းနေရာစုံအောင်ဖယောင်းတိုင်ရောင်စုံဆီမီးလေးများအညီညာထွန်းညှိထားတာကမြင်ရသူအဖို့ကြည့်နူးစရာအလွန်ကောင်းလှသည်။

ရိုးမာန်ဂုဏ်လည်းရွာလမ်းအတိုင်းသူငယ်ချင်းတစ်စုနဲ့အတူ ဘုရားကိုလျှောက်လာခဲ့လိုက်သည်။ သူတို့လိုပဲဘုရားသွားကြတဲ့ လူပျိုအပျိုလေးများကလဲ လမ်းမှာအပြည့်အခုလောက်ဆို ရွာထိပ်ကဘုရားမှာလည်းအရင်ရောက်နှင့်နေသူကဆီမီးရောင်စုံထွန်းညှိနေလောက်ကြပြီဖြစ်သည်။

တချို့သောကလေးငယ်လေးတွေကတော့ အိမ်ရှေ့မှာလူစုပြီး မြေကျင်းသေးသေးလေးတူး၍ အပေါ်ကသံခွက်သေးသေးလေးထဲမီးညှိစရာကြိုးသေးသေးနဲ့ဖယောင်းချက်တွေထည့်တည်နေကြပြီး ဘေးက ကလေးတစ်ယောက်ကရေခွက်ကိုင်ရပ်နေသည်။ ရိုးတို့ငယ်ငယ်ကဆော့ကြသလို ဖယောင်းချက်တွေလိုက်ခွါပြီး ငရဲမီးဆော့ရန်ပြင်နေကြတာဖြစ်သည်။

တချို့သောကလေးတွေကြနားမခံနိုင်အောင်ကို တစ်ဆင့်ဗြောက် နှစ်ဆင့်ဗြောက် သုံးဆင့်ဗြောက် အာလူးဗြောက်တွေပါ အပါဝင်ဆူညံအောင်ဖောက်လို့ပျော်နေကြသည်။

ဒါတွေကငယ်စဉ်အချိန်ကလေးဘဝက ရိုးတို့ကို လူကြီးတွေမနိုင်အောင်ကိုဗြောင်းဆန်အောင်ဆော့ခဲ့ကြသလို အခုနောက်ပေါက်ကလေးတွေဆော့နေတာကိုရိုးကြည့်လိုက်၍။

" ဟေ့ကောင်တွေ မျက်နှာနားအနီးကပ်ငုံ့မကြည့်နဲ့နော် မင်းတို့အမေမွေးတုန်းကအကောင်းတွေ ငရဲမီးဆော့ပြီးမှမလှမပဖြစ်သွားမယ် "

" ဟုတ်ကဲ့ပါ ကိုကြီးရိုး "

ရိုးလည်းအိတ်ကပ်ထဲကပါလာတဲ့ပိုက်ဆံထဲက တစ်ထောင်တန်တစ်ရွက်ထုတ်လိုက်သည်။

" ရော့ ကိုကြီးကမင်းတို့အဖွဲ့ကို မုန့်ဖိုးပေးတာ "

" ဟေး ,,, ကျေးဇူးပါကိုကြီး "

မုန့်ဖိုးရလို့ ပျော်ရွှင်သွားတဲ့ကလေးတွေကိုကြည့်ကာ ရိုးပြုံးလိုက်၍ ဘုရားမှာချစ်ရသူလေးအလာကို စောင့်နေရန်တွေးပြီးဆက်လျှောက်လာခဲ့လိုက်သည်။ အဝေးကနေလှမ်းမြင်နေရတဲ့ ဘုရားကဆီးမီးရောင်ထိန်ထိန်ဝါနေသည်။ အနားနီးလာလေလူတွေရဲ့စကားပြောသံတွေကလဲနီးကပ်လာ၏ မိန်းကလေးအများစုရဲ့အော်သံဆိုပိုမှန်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now