Part26(uni+zawgyi)

2.6K 105 11
                                    

Uni

"ရပါပြီ သွေးရဲ့ ငါ ခြံရှေ့မှာတင်ပဲဆင်းလိုက်ပါ့မယ်ဟ ခြံထဲထိဝင်နေရင် နင်ပြန်ရတာနောက်ကျနေဦးမယ်"

"ဘာလဲ နင်က ငါ့ကို အိမ်ထဲတောင် ပေးမဝင်တော့ဘူးလား"

"ဟာ မဟုတ်ပါဘူးဟ နင်အပြန်နောက်ကျနေမှာစိုးလို့ပါ ဟီး နင်ဝင်ချင်လည်းဝင်ပေါ့ အရင်ကလည်း နင်အိမ်လာလည်နေကျပဲဟာကို ငါက နင်နောက်ကျမှာစိုးလို့ပါဟ"

"အေးပါဟာ ငါကစတာပါ နင့်ကိုပို့ပြီးရင် ငါလည်းသွားစရာရှိသေးတယ် တာ့တာနော်"

သွေးကို အမှန်ပင် နက်အိမ်ထဲမဝင်စေချင်
ကိုကိုကသိတဲ့ အတိုင်းပဲ ကျန်တာတွေမှာ သဘောကောင်းသလိုထင်ရပေမယ့် သွေးဆိုတာနဲ့ ဘယ်လိုမှကြည့်မရခဲ့တာ

ဒီနေ့ကိုကိုက နေကောင်းတာမဟုတ်တော့ သွေးကိုတွေ့ရင် ဒေါသထွက်မိမှာစိုးလို့
နက်အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းမှာထိုင်နေတဲ့ ခန့်ထယ်ဝါရဲ့မျက်နှာကိုမြင်တော့ နက်လန့်သွားတယ်

"ကို ကိုခန့် "

"အင်း ငါကတော့ နေမကောင်းလို့ကျောင်းမကျိုနိုင်တာနဲ့ပဲ မင်းက လင်ငယ်ကိုလိုက်ပို့ခိုင်းတယ်ပေါ့လေ"

"မဟုတ်ပါဘူးကိုခန့်ရယ် နက်ကအရင်ထဲက သွေးနဲ့ပြန်နေကျမို့ပါ"

"အရင်ကမင်းနဲ့ အခုမင်းတူလို့လား အခုမင်းကိုယ်မင်းအိမ်ထောင်သယ်ဆိုတာသတိမရဘူးလားဟန်"

နက် ကိုကိုပြောနေတဲ့ စကားတွေကိုမခံနိုင်တော့လို့ ပြန်မပြောတော့ဘဲ ခေါင်းငုံ့ပြီး အသံတိတ်နေလိုက်တယ်

"မင်း နောက်နေ့ကစပြီး ကျောင်းမတက်နဲ့တော့ ကျောင်းထွက်လိုက်တော့"

"ဟင် မလုပ်ပါနဲ့ကိုခန့်ရယ် နက် နက်သွေးနဲ့မပြန်တော့ပါဘူးနော် နက်မှားပါတယ် နက်ကို သနားပါနော် နက်ကျောင်းတော့ တက်ပါရစေ"

သူ့ကိုအသဲအသန်တောင်းပန်နေတဲ့ ကောင်မလေးကိုကြည့်ပြီး သနားစိတ်ဝင်သွားပေမယ့် သူကျောင်းသွားတက်နေတဲ့ ကာလတစ်လျှောက်လုံး သွေးဆိုတဲ့ကောင်နဲ့တွေ့နေဦးမှာပဲ

"မရဘူး ငါမင်းရဲ့အုပ်ထိမ်းသူ မင်းကျောင်းထွက်တာ တက်တာ ငါပဲစီမံမယ်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now