Arc 1.14 အန်းရီချန်း

1.4K 186 0
                                    

Unicode

အပိုင်း(၁၄) : နွေးထွေးသော  ဂရုစိုက်မှုတစ်ခု

သူမဟာ ဒုတိယဇာတ်လိုက်နှင့် နှစ်ကိုယ်ကြားစကားဝိုင်းမှ ရှောင်ထွက်ရန်ပြင်ခဲ့တယ်။ အစောက ရှက်စရာအဖြစ်အပျက်ဟာ သူမရဲ့ခေါင်းထဲမှာ ရုပ်ရှင်ပြသလို မြင်ယောင်နေခဲ့တယ် ။

ဒါကြီးက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ?

သူမဟာ KGကလေးတစ်ယောက်လဲ မဟုတ်?
ဒီရှက်စရာ ခရင်မ်တွေက ဘာကြောင့် သူမရဲ့နှုတ်ခမ်းထောင့်မှာ ရယ်စရာကောင်းအောင် ကပ်နေရတာလဲ?

"အတန်းဖော် ငါ..ငါ.."သူမဟာ စကားဝိုင်းမှ ထွက်ပြေးရန် အကြောင်းပြချက်ကို ကတိုက်ကရိုက် အသည်းအသန်ရှာနေတယ်။

သူရှေ့က ကြက်ပေါက်ကလေးဟာ စိတ်ထဲတွင် ဘာတွေးနေမှန်း သူ မသိပေ။ သူဟာ သူမရဲ့စတော်ဘယ်ရီလို နှုတ်ခမ်းမှ ထွက်လာမည့် စကားလုံးတွေကို စောင့်နေခဲ့တယ်။

သူမရဲ့ ခေါင်းပေါ်မှ မီးသီးလေးဟာ ဖလက်စ်ခနဲ လင်းလက်သွားပြီးနောက် သူမရဲ့ရှက်စရာကိစ္စကနေ ရှောင်ထွက်ဖို့ ကယ်တင်ရှင်ပေါ်လာသလို။

"အတန်းဖော်..ငါကျောင်းအိမ်စာမပြီးသေးလို့ အရင်သွားနှင့်မယ်..နောက် ..နောက်မှတွေ့ကြတာပေါ့.." သူမဟာ ကောင်လေးရဲ့ တုံ့ပြန်စကားကိုပင် မစောင့်နိုင်တော့ပဲ သူမပြောချင်သည့် စကားကိုပြောပြီးသည်နှင့် ထိုနေရာမှ အလျင်အမြန်ထွက်ခွာလာခဲ့သည်။

ရီချန်းဟာ ? အကြီးကြီးပေါ်သွားပြီး အူလည်လည်နှင့်ထိုနေရာမှ ကျောက်ရုပ်ကလေးလိုကျန်ခဲ့တယ်။ သူဟာ လုပ်နေကြအတိုင်း ရောက်ယက်ခက်နေတဲ့ ခြေလှမ်းတွေနဲ့ ပြေးနေတဲ့ ခြေထောက်ဖြူဖြူလေးနဲ့ ကောင်မလေးရဲ့ နောက်ကျောကို မြင်ကွင်းတစ်ဆုံးကြည့်နေခဲ့တယ်။ ဇာတ်လမ်းတွဲတစ်ခုက ဇာတ်ဝင်ခန်းတစ်ခန်းတောင် အလွတ်မခံနိုင်ပဲ ကြည့်နေတဲ့ ဒရမ်မာကြိုက်တဲ့အကြီးစားဖန်နဲ့တောင် တူသေးသည်။ ရီချန်းဟာ သူမရဲ့ လှုပ်ရှားမှု အလုံးစုံကို အလွှတ်မခံပဲ လိုက်ကြည့်နေခဲ့တယ်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now