|31|

2.4K 477 18
                                    

[Unicode]

"အတန်းခေါင်းဆောင်! ဖက်ထုပ်တွေပါပြုတ်ပေးထားတာလား? ငါတို့အတန်းခေါင်းဆောင်က တကယ်တော်တာ၊ မလုပ်တတ်တာရှိသေးရဲ့လား?"
ဖက်ထုပ်ဝါးနေတဲ့ဝမ်ဘင်းဘင်းက ဟယ်ရှင်းချွမ်ဘက်လှည့်လာကာ
"အာ...မျက်လုံးတွေဘာဖြစ်သွားတာလဲ?"

ဟယ်ရှင်းချွမ်က ညာဘက်မျက်လုံးကိုထိကိုင်လာပြီး
"...ဒီမျက်လုံးကမမြင်ရဘူး၊ ဒါပေမဲ့ အရောင်ကလှတယ်မလား? ပယင်းရောင်လိုပဲတဲ့ ထန်ကောတောင်ပြောသေးတယ်"

ထို့နောက် ယန်ထန်နားပြေးကပ်သွားတယ်။
မျက်နှာကိုအနားတိုးကပ်ပြကာ
"ဟုတ်တယ်မလား ထန်ကော? ပယင်းရောင်နဲ့တူတယ်မလား?"

ယန်ထန်ကတော့ ပါးလေးကိုသာဆွဲလိမ်လိုက်တယ်။

"အား! နာတယ်!"

"နာလို့လား ဖွဖွလေးဆွဲတဲ့ဟာ!"

"ဖြေးဖြေးသက်သာဆွဲစမ်းပါ! ဂျုံလုံးများထင်နေလား!?"

ဟယ်ရှင်းချွမ်နဲ့ ယန်ထန်က နေလောင်ခံခရင်မ်မလိမ်းလာဘူး။
ယန်ထန့်အသားက သိသိသာသာကိုမဲသွားတယ်။
ဟယ်ရှင်းချွမ်ကတော့ အဲ့လိုမမဲဘူး၊ နေလောင်ရာတွေက နီရဲတက်လာတာ။
တနေကုန်ဆိုင်ထဲအောင်းပြီး ဗီလာပြန်ရောက်ချိန်မှာတော့၊ နောက်ကျောပြင်ဟာ ထိတာနဲ့တောင်နာနေပြီ။

"အတန်းခေါင်းဆောင်က နေလောင်သွားတာဖြစ်ရမယ်၊ ငါနဲ့ ရှုပမ်း ဆေးသွားဝယ်လိုက်ဦးမယ်။ ထန်ကော အတန်းခေါင်းဆောင်ကိုဂရုစိုက်ပေးဦး"
ဝမ်ဘင်းဘင်းနဲ့ ရှုပမ်းက အပြင်ထွက်ခွါသွားတယ်။

အပျော်ခရီးထွက်ခါမှ ပြဿနာဖြစ်မိတဲ့အတွက်၊ ဟယ်ရှင်းချွမ်က စိတ်မကောင်းဖြစ်နေခဲ့ရတာ။
"ထန်ကော၊ အပြင်ထွက်ပြီးကစားပါလား? ငါ အိမ်မှာတစ်ယောက်တည်းလည်းဖြစ်ပါတယ်"

လက်ကိုင်ပုဝါကို ရေခဲရေထဲနှစ်လိုက်ကာ၊ ရေညှစ်ထုတ်ပြီးနောက် ဟယ်ရှင်းချွမ်နောက်ကျောပြင်ပေါ် နူးညံ့စွာပွတ်သပ်ပေးနေတယ်။

နဂိုအသားဖြူဖြူလေးက နီရဲနေပြီး၊ အရေပြားတွေတောင်လန်ချင်နေပြီ။

"ကျောကဒီလောက်ဆိုးနေတာကို ငုတ်တုပ်ထိုင်နေသေးတယ်! လာ ဒီလာခဲ့!"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now