Chapter (12-3)_ မကောင်းဆိုးဝါး မာရ်နတ်

3.7K 629 20
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)


Chapter (12-3)_  မကောင်းဆိုးဝါး မာရ်နတ်

သူတို့၏ တညလုံး အသည်းအသန် ချစ်တင်းနှောမှု အပြီးမှာ ရွှယ်ဇီရွမ်က   သန့်ရှင်းရေးလုပ်ရန် ရေချိုးခန်းထဲသို့ ၀ င်ခဲ့ပြီးနောက် အပြင်ထွက်ကာ  ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးနှင့် လိမ်းဆေးများကို ၀ ယ်ခဲ့ပြီး Golden Hall ဟိုတယ်သို့အမြန်လာခဲ့သည်။

ကျိုးယွင်ရှန့်သည် ပျင်းရိစွာ လဲလျောင်းနေပြီး မလှုပ်ချင်သဖြင့် ရွှယ်ဇီရွမ်သည် သူ့ကိုတစ်ဝက်ဆွဲ တစ်ဝက်ပွေ့သည့်ပုံစံနှင့် ဧည့်ခန်းသို့ခေါ်သွားခဲ့ရ သည်။

ရွှယ်ကျင်းရီသည် ရွှယ်ဇီရွမ်တို့ အခန်းကိုလာခဲ့စဉ် ဆိုဖာပေါ် ပျင်းရိစွာထိုင်နေသည့် ကျိုးယွင်ရှန့်နှင့် သူ၏စိုထိုင်းသောမျက်လုံးများနှင့် နီမြန်းကာ ရောင်ယမ်းနေသော ်နှုတ်ခမ်းများကို မြင်ရသောအခါ သူမ က သူ့အကိုရင်း၏ကိုယ်ပေါ်ကို ခုန်အုပ်ကာ  အစိတ်စိတ်အမြွှာမြွှာကိုက်ဖြတ်ပစ်လိုက် ချင်တော့သည်။

"ရှောင်ရီ.... အကို ...ဘာဖြစ်နေတာလဲ"

သူမ၏အစ်ကိုကြီး ရွှယ်ဇီရွမ် နှင့်စကားပြောခွင့်ရရန် ရွှယ်ကျင်းရီက ကျိုးယွင်ရှန့်ကို စိုးရိမ်ဟန်ဆောင်ကာ မေးခဲ့သည်။

ရွှယ်ဇီရွမ်က သူမကို လျစ်လျူရှုပြီးကောင်လေး၏ ပါးပြင် နီနီကိုနမ်းလိုက်ပြီး ပြောလိုက်သည်။

" ဒါက ငါ့ အပြစ်ပါဘဲ။ မနေ့ညက မင်းကို သန့်ရှင်းရေးလုပ်ပေးဖို့မေ့နေတယ်။ နောက်ပိုင်း မင်း ခေါင်းမူးရင်၊ အစာအိမ်ထဲက မသက်မသာခံစားခဲ့ရရင် အတင်းကြီး မကြိုးစားပါနဲ့.... ငါတို့ချက်ချင်း ပြိုင်ပွဲကနေနုတ်ထွက်ပြီး ပြန်ကြမယ်  "

"ဟင့်အင်း..ကျွန်တော် နောက် မဆုတ်ဘူး။ ကျွန်တော် ချန်ပီယံဖြစ်မှာသေချာတယ်လို့ပြောခဲ့တယ်လေ။ "

ကျိုးယွင်ရှန့်သည် ကံကြမ္မာက ချမှတ်ထားသည့် လမ်းစဉ်ကို ဖျက်ဆီးပြီးရင် နောင်ပိုင်း Villain system က ဘယ်လိုဖြစ်သွားမလဲဆိုတာသူ တကယ် မြင်ချင်သည်။


" ကောင်းပြီ။ ဒါဆို ချန်ပီယံဆုကို ရအောင်ယူပါ။ မင်းက အကောင်းဆုံး၊ အတော်ဆုံးပဲ.."

ရွှယ်ဇီရွမ်ကပြုံးပြီးသဘောတူလိုက်တယ်။ သူက ဝန်ထမ်းတစ်ဦး လာခေါ်သည့်အချိန်ရောက်မှ ဆယ်ကျော်သက်လေးကို မခွဲချင်ခွဲချင်နှင့် ထားရစ်ခဲ့ရသည်။

 

"ချန်ပီယံဖြစ်ချင်တာလား။ နင်ကလား...? "

ရွှယ်ကျင်းရီက သူမ၏အစ်ကိုကြီး ရွှယ်ဇီရွမ် ထွက်သွားသည်နှင့်ရက်စက်သောအမူအရာကိုပြသကာ လှောင်ရယ်ရင်းမေးလိုက်သည်။

ကျုးယွင်ရှန့်သည် သူမအား အားရံစိုက်ရန်ပင်  ပျင်းရိလွန်းနေပြီး သူက နံပါတ်တစ်ခုကို နှိုက်ကာ တုန်ယင်နေတဲ့ခြေထောက်တွေနဲ့ ထွက်သွားခဲ့တယ်။ သူတို့နှစ်ယောက်လုံးက ကံကောင်းခဲ့တယ်။ တစ်ယောက်က နံပါတ်ငါးကို မဲနှိုကိလို့ရခဲ့ပြီး နောက်တစ်ယောက်က နံပါတ်ခြောက်ကို မဲနှိုက်လို့ရခဲ့သည်။

ဖိုင်နယ်သို့ ၀ င်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင် အများစုသည် ထူးခြားသောစွမ်းရည်များ ရှိကြသူများ ဖြစ်သည်။ ပထမ ဦး ဆုံး ဖျော်ဖြေ တင်ဆက်မှု များသည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ပရိသတ်ထံမှ လက်ခုပ်သြဘာသံများနှင့် တစ်စုံတစ်ယောက်က " နောက်ထပ် တစ်ခေါက်လောက်!" ဟုကျယ်လောင်စွာအော်ဟစ် တောင်းဆိုကာ အားပေးခဲ့သည်။

ရွှယ်ကျင်းရီက ပြိုင်ပွဲဝင်စင်မြင့်ပေါ်ကို  တက်လိုက်တာနဲ့ပရိသတ်က အားရပါးရ အားပေးကြတယ်။ သူတို့က သူမကို အရမ်း မျှော်လင့်ထားကြောင်း သိသာသည်။

  Olsen ပင်ခေါင်းညိတ်လိုက်ပြီး သူ့တပည့် ရွှယ်ဇီရွမ် ကို ပြောလိုက်သည်။

" မင်းညီမက တော်တော်လေး တော်တယ်။  သူမ၏ လုပ်ဆောင်ချက်တွေက စိတ်အားထက်သန်မှု အပြည့်ရှိတယ်။  သူမဟာ မင်းရဲ့ပုံစံကို လုံးဝ အမွေဆက်ခံထားနိုင်ခဲ့တာပဲ  "

ရွှယ်ဇီရွမ် က ထူးမခြားဟန်ဖြင့် "အင်း" ဟုသာ အသံထွက်လိုက်သည်။

 သူက အေးစက်တာလည်းမဟုတ်၊ လှိုက်လှဲတာလည်း မဟုတ်သည့် အမူယာဖြင့် လက်ခုပ်တီးပေး လိုက်သည်။ ဒါပေမယ့် ရွှယ်ကျင်းရီ ရွေးချယ်သည့် တီးလုံးကို ကြေငြာလိုက်သံကိုကြားတော့ သူ  ထိတ်လန့်သောအမူအရာ ပေါ်လာခဲ့သည်။

သူမ ရွေးချယ်လိုက်သည့် တီးလုံးက " Palochev" ဆိုသည့် တီးလုံးဖြစ်ပြီး အရင်ဘဝတုန်းက ရှောင်ရီက ဒီ တီးလုံးဖြင့် အမှတ်များစွာရကာ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်သည်။

 ဂန္တ ၀ င်ဂီတသမိုင်းတစ်လျှောက်တွင် ထိုတေးသွားကို " မာရ်နတ်၏ ေးတးဂီတသံ" ဟု လူသိများခဲ့ကြ သည်။ ထိုတီးလုံးသံက အစကနေ အဆုံးအထိ အဆက်မပြတ် မြင့်မားပေါက်ကွဲသည့် သံစဉ်များဖြင့်ဖွဲ့စည်းထား ပြီး သက်တောင့်သက်သာ မရှိဘဲ တစ်ခုကနေ တစ်ခုကို ခုန်ပေါက်ကာ ကူးပြောင်းသွား သွားသောကြောင့် ဖြစ်သည်။ ဒီသံစဉ်ကိုပြီးပြည့်စုံအောင် တီးခတ်နိုင်ဖို့ စိတ်စွမ်းအင်နှင့်စိတ်ခံစားမှုများစွာ ရှိနေဖို့ လိုအပ်သည်။


ဒါ့အပြင် ထိုတေးသွားသည်  အလွန်ထူးဆန်းပြီး လူ့စိတ်ကို  တစ်စစီ ဆုတ်ဖြဲပစ်လိုက်နိုင်သည့် ခံစားချက်ကို ပေါ်လာစေပြိး ဖျော်ဖြေသူနှင့် ပရိသတ်ကို ရူးသွပ်လုနီးပါး ဖြစ်သွားစေသည့် တီးလုံးမျိုးဖြစ်သည်။

  နာမည်ကြီးစန္ဒရားပညာရှင်များစွာသည် သူတို့ တေးဂီတ စွမ်းရည်ကို စိန်ခေါ်ဖို့ ထိုတေးသွားကို တီးခတ်ရန် ကြိုးစားခဲ့လေ့ ရှိကြသည်။ ဒါပေမယ့် အားလုံး က ကျရှုံးခဲ့မည်ဟု မထင်ခဲ့ကြပေ။ ဒီသံစဉ်က ခိုင်မာသည့် အချစ်၊အမုန်းပြင်းထန်စွာ ရှောယှက်နေပြီး အင်မတန်ကြီးမားသည့် အဖျက်စွမ်းအင်တစ်ခု ပါဝင်နေသလို ထင်ရသည့် တေးဂီတ တစ်ခုဖြစ်နေသောကြောင့် ပင်။


ရွှယ်ဇီရွမ်  သိသလောက်တော့ သူ့အရင်ဘ ၀ မှာ ဒီတေးဂီတ သံစဉ်ကို အကောင်းဆုံး တိးခတ်နိုင်သူက ရှောင်ရီ တစ်ယောက်တည်းရှိသည်။   ဒါပေမယ့်အခု ရွယ်ကျင်းရီက ဒီသီချင်းကို လက်လွတ်စပယ်ရွေးချယ် ခဲ့တယ်။ သူမရဲ့နုနယ်တဲ့နှလုံးသားက ဒါကိုခံနိုင်ရည်ရှိရဲ့လား။

သို့သော် ရွယ်ကျင်းရီ ၏ဖျော်ဖြေမှုသည် ရွှယ်ဇီရွမ် ကိုသာမက    ပရိသတ်အကုန်ကို အံ့အားသင့်စေခဲ့သည်။ သူမဟာ စန္ဒရားခလုတ်တွေကို အရူးအမူး တီးခတ်နေသည်။  သူမက တေးဂီတ နူတ်အမှားတချို့ကို တီးခတ်မိသော်လည်း သူ၏ဂီတသံစဉ်ထဲတွင် ိုပြင်းထန်သောချစ်ခြင်းနှင့် မုန်းခြင်းသည် လူတိုင်း၏နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်ကာ ခံစားသွားရစေသည်။

ဒီတေးဂီတရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သူမ နားလည်နေခဲ့တယ်။ ဒီသံစဉ်က ကိုယ့်နှလုံးသားကို ဒဏ်ရာတွေ ပေးနေသည့် သီချင်းဖြစ်သည်။ တေးရေးဆရာသည် သေမင်း  သူ၏ချစ်သူအား သိမ်းပိုက်ကာ ဆွဲခေါ်သွားခဲ့သော မတရားသည့် ကမ္ဘာလောကကြီးကို လက်စားချေချင်နေခဲ့သည်။

 ထို့ကြောင့် သူ သည် ကမ္ဘာကြီးကို အပိုင်းပိုင်း ဖြတ်တောက်လိုသော နာကြည်းမှုနှင့် သူ့နှလုံး သည်းပွတ် အချစ်ဆုံးသူကို ပြန်လည် ရယူနိုင်ရန် မိမိကိုယ်ကို ငရဲသို့ ခုန်ဆင်းရန် ဆန္ဒရှိကြောင်းဖော်ပြသော၊ ရူးသွပ်မှုကို အပြည့်အဝ နားလည်စေသော ပေါက်ကွဲသံစဉ် တေးသွားတစ်ပုဒ်ဖြစ်သည်။

သူမက စန္ဒယားခလုတ်တွေကို တစ်ခုပြီးတစ်ခု အကြမ်းပတမ်း တီးခတ်နေသည်။  သူမဟာ စန္ဒယားကို ပြင်းပြင်းတီးခတ်နေတာကြောင့် သူမရဲ့ဆံပင်တွေဟာ ကျွတ်ထွက်ပြီး ရှုပ်ပွနေခဲ့တယ်။ သူမ၏ဆံပင်တွေကြားကနေ ရူးသွပ်လုနီးပါး တောက်ပနေသည့် ရွှယ်ကျင်းရီ၏မျက်ဝန်းတွေကို ပရိတ်သတ်က မြင်တွေ့ခဲ့ရသည်။ သူမက မကောင်းဆိုးဝါးမ တစ်ကောင်လိုဖြစ်နေသည်ဟု ပရိတ်သတ်က ခံစားလိုက်ရသည်။

 
သီချင်းဆုံးသောအခါ ပွဲကြည့်ပရိတ်သတ်အားလုံးက  အလွန်တိတ်ဆိတ်နေပြီး အပ်ကျသံကိုပင် ကြားရလောက်အောင် ငြိမ်နေခဲ့သည်။

 
Olsen သည် သတိဝင်လာပြီး ပထမဆုံး မတ်တပ်ရပ်ပြီး လက်ခုပ်တီးသည်။ ထို့နောက် ပရိသတ်များက အသိစိတ်ပြန်ကပ် သွားပြီးနောက် ရုံတစ်ခုလုံးပွင့်သွားလောက်အောင်ပင်  ပြင်းထန်သောလက်ခုပ်သံများဖြင့် ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

 

" မာရ်နတ်ရဲ့တေးဂီတကို မာရ်နတ်ကပဲ တီးမှုတ်နိုင်တယ်။ မင်း က  ဒီသံစဉ်နဲ့  ထိုက်တန်တယ်ဆိုပြီး ငါ့ကို သက်သေပြနိုင်ခဲ့ တယ်။ မင်းကို ငါ အမှတ်ပြည့်ပေးတယ် "

 Olsen က စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်သည်။ နောက်ဆုံးတော့ သူက သူ့တပည့်ကိုကြည့်ပြီး ပြောလိုက်သည်။

" Sean၊ မင်း ဘယ်လိုထင်လဲ။ မင်းရဲ့ညီမလေးက မင်းရဲ့ဝ ပါရမီ၊ အရည်ချင်းကို အမွေဆက်ခံနိုင်တယ် မလား။ "

 

ရွှယ်ဇီရွမ် က လက်ခုပ်သြဘာ မပေးခဲ့ဘူး။ သူက  မိုက်ခရိုဖုန်းထဲသို့ပေါ့ပေါ့ပါးပါး မှတ်ချက်ချခဲ့သည်။

 "ဟုတ်တယ်။ သူမက မကောင်းဆိုးဝါးပဲလေ..."

ပရိသတ်ကတွေ ရွှယ်ဇီရွမ်  ဟာသလုပ်သည်ထင်ကာ ရယ်နေကြတယ်။ သူတို့က Sean ရဲ့စကားတွေကို သဘောတူကြောင်း ပြသသည့် စကားဟု ထင်ကြပေမယ့် တကယ်တော့ ဒီစကားက ဘာ ဘာအဓိပ္ပာယ်ဆိုတာကို သိတဲ့လူက သုံးယောက်ပဲ ရှိတယ်။ ဒါဟာကြေညာချက်တစ်ခု ဖြစ်ခဲ့သည်။

ရွှယ်ကျင်းရီက တကယ့်ကို မကောင်းဆိုးဝါး မာရ်နတ်ဖြစ်သည်။

**-***

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now