အပိုင်း ၆

12.9K 1.2K 48
                                    

Uni

တည်စေ လက်ထဲက ဖုန်းကို ချလိုက် ကိုင်လိုက်နှင့်စိတ်မငြိမ်..။

မနက်လင်းကတည်းက ရောက်နေကျ စာလေးကို မျှော်နေမိတာ ဘယ်သူသိမလဲ..။

မနေ့ကငိုသွားတဲ့ကိစ္စကိုမေးဖို့ဖုန်းဆက်တော့လည်း ထိုကလေးကမကိုင်တော့ နေမရ ထိုင်မရဖြစ်ကာအပြေးသာသွားလိုက်ချင်သည်..။

Ring!!

ဖုန်းဝင်လာလို့ကြည့်လိုက်တော့ ခမ်းရဲ့ဖုန်း..။

"ဟလို..ခမ်း.."

"တည်စေ ဘာလုပ်နေလဲ...သင်္ကြန်ရေပတ်ခံဖို့ ငါတို့တွေစုံနေပြီ လာခေါ်မယ်..အဆင်သင့်ပြင်ထား.."

ပြောပြောဆိုဆို ဖုန်းချသွားသူကြောင့်ငြင်းဖို့အချိန်မရလိုက်..။

ကဲလေးရောဘယ်မှာကဲနေလဲမသိ..။

မနေ့ကလိုငိုနေအုံးမလား..။

တည်စေ စိတ်တွေကအချစ်တစ်ခုကို မသိမသာ လက်ခံလိုက်ချင်နေလေပြီ..။

တကယ်ဆို အရင်တစ်ခေါက် အပန်းဖြေခရီးထွက်သွားလို့ ကဲလေးနဲ့အဆက်အသွယ်မရကတည်းက တည်စေ ကိုယ့်ကိုကိုယ်ဘာဆိုတာရိပ်မိလိုက်၏..။

တည်စေ ကွေးသွားလေပြီ..။

ဒါဟာ ကဲကဲတစ်ယောက်တည်းအတွက်သာ ကွေးခြင်းပေ..။

အခြေအနေအမျိူးမျိူးနဲ့ သူ့ကိုယ်သူ စမ်းသပ်ခဲ့ဖူးသည်..။

မိန်းမနဲ့လည်း Dateခဲ့၏..။

Gay Bar လည်း သွားခဲ့၏..။

ဘယ်သွားသွား ဘာလုပ်လုပ် အတွေးထဲမှာ စိုးမိုးထားသူက ကဲလေးတစ်ယောက်သာ..။

ထို့ကြောင့်သူငယ်ချင်းတွေဆုံတော့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ကာ ပြောပြခဲ့လိုက်၏..။

တည်စေ ဆုံးဖြတ်ချက်ကချက်ချင်း ကဲလေးကို အသည်းနင့်အောင်ချစ်နေမိကြောင်း ပြေးအသိပေးချင်သည်..။

သို့ပေမယ့်ခမ်းက အကြံတစ်ခုပေးသည်..။သူမနဲ့အယောင်ဆောင်တွဲပြပြီး ကဲလေးကို သဝန်တိုလားမတိုလား စမ်းသပ်စေလို၏..။

ထိုအကြံအားတည်စေ လက်ခံခဲ့သည်..။

မိမိတို့ရဲ့အသက်အရွယ်ကွာခြားချက်ကြောင့် ဆယ်ကျော်သက်အရွယ်ကလေးတစ်​ယောက်ရဲ့အချစ်က အပျော်ဆိုရင် တည်စေ ရင်ကွဲရမည်ပင်...။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now