Arc-1.12 unicode

4.4K 348 54
                                    


" ဝမ်ဝမ်...သားငယ်​လေးပြီးပြီလား "

Six- [ host တော်ရူံပဲကောင်းတယ် ...ဟိုမှာစောင့်နေပြီလေ ]

six မှန်ရှေ့မှာ ရှိုးထုတ်နေသော host ကိုသတိပေးလိုက်သည်။

Host- " အင်းပါ six ရဲ့...ပြီးပါပြီ "

ဝမ်ပိုင် အနက်ရောင်လက်ရှည်နဲ့ အတွင်းဝတ် အဖြူရောင်လေးဝတ်လိုက်သည်။ ဘောင်းဘီရှည် အနက်ရောင်ရယ် နက်တိုင်ကိုတော့ အညိုလေးဝတ်လိုက်သည်။နဂိုပိုင်ရှင်ရဲ့ပွဲတတ်ဝတ်စုံတွေက အဖြူတွေကြည့်ပဲ အရင်သူသွားဝယ်ထားတာတွေကအနက်ရောင်ဆိုပေမယ့် ပွဲတတ်ဝတ်စုံမဟုတ်သည့်အတွက် သူကိုယ်တိုင်ပြန်ပြီးသွားဝယ်ထားရခြင်းပင်။ နဂိုပိုင်ရှင်ကတော့ အဖြူရောင်ကြိုက်ပေမယ့် ခုသူက ကျန်ဟောက်မလား သူကအနက်ရောင်နဲ့ အညိုရောင်ကိုသာကြိုက်သည်။နဂိုပိုင်ရှင်ကအနက်ရောင်ထက် အဖြူရောင်ကိုပိုကြိုက်တယ် ၊ သူကတော့ အဖြူထက်အနက်ကိုပင်ပိုကြိုက်သည်။နဂိုပိုင်ရှင်က အမှောင်ထက်အလင်းကိုပိုကြိုက်တယ်၊ခု သူက အလင်းထက်အမှောင်ကိုသာပိုကြိုက်သည်။ တကယ်​​တော့ နဂိုပိုင်ရှင်နဲ့သူဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပင်။နဂိုပိုင်ရှင်က လူတိုင်းကိုသနားတတ်လို့ ဇာတ်လိုက်မကိုလွှတ်ပေးနိုင်ပေမယ့် သူကတော့ no လို့ပဲပြောပါရစေ။ ဒါပေမယ့် ဇာတ်လိုက်မကိုငဲ့ညှာသောအားဖြင့် သူကိုမထိရင် ဘာမှလုပ်မည်မဟုတ်။ နဂိုပိုင်ရှင်ကိုထိလို့ရပေမယ့် သူကိုတော့မရ။six ရှေ့မှာသာ သနားသလိုပြောလိုက်ပေမယ့် တကယ်တော့ သူဟာတော်တော်ကိုသွေးအေးတဲ့သူဆိုတာ သူကိုယ်တိုင်သာသိသည်။ ( six သာ သူ့host အတွေးတွေကိုကြားရင် [ ဘယ်သူပြောလဲ...host က ဇာတ်လိုက်မကိုသနားနေတယ်လို့...six ကထင်တယ်ဆိုပြီး ...တကယ်တော့ host က
... host ထင်ထားတာထက် ...သွေးအေးပြီး...ရက်စက်တယ်...လူတစ်ယောက်ကိုလွယ်လွယ်သတ်နိုင်တဲ့သူဆိုတာ...six အသိဆုံး...sixပြောတာယုံလိုက်] ဟုပြန်ပြောလိမ့်မည် )
ဆံပင်ကိုတော့ ဂျယ်နည်းနည်းနဲ့ ပုံသွင်းလိုက်သည်။ပြီးနောက် စိတ်ကျေနပ်စွာ မှန်ရှေ့တွင် တစ်ပတ်လှည့်လိုက်သည်။

Hpst- " perfect...ငါဘာလို့...ဒီလောက်ချောမောနေရတာလဲ "

Six- [ ဆီသုတ်ထားလို့လေ ]

system one o six(106) S -1 ( Z &U )Where stories live. Discover now