Chapter (35)

30.3K 3.8K 411
                                    

မုန့်ရန် လော်ရှို့ ရဲ့ လက်မောင်းတွေကိုမှီပြီး လှဲလျောင်းနေတယ်။မုန့်ရန် အများကြီး ငိုခဲ့ရတဲ့အတွက် မျက်ရည်စီးကြောင်းတွေမတိတ်သေးတဲ့အပြင် အသက်ကိုခက်ခက်ခဲခဲရှူနေရတယ်။ဒါက အခုထိအနာကျင်နေရတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာ သက်တောင့်သက်သာ ရှိနေပြန်တယ်။ဒီနာကျင်မှုနဲ့ သက်တောင့်သက်သာ ဖြစ်မှုတွေရောထွေးနေတဲ့ အတွေ့ကြုံက မုန့်ရန်ကို စိတ်အနှောက်အယှက်ဖြစ်စေတာကြောင့် ငိုလိုက်မိခြင်းဖြစ်တယ်။

မုန့်ရန်ရဲ့အသံတွေအက်ကွဲနေတယ်။ဒါ့ကြောင့် လော်ရှို့ က ရေနွေးနွေးလေးတစ်ခွက်ခပ်ပြီး မုန့်ရန်ကိုတိုက်လိုက်တယ်။

အဲ့နောက် ရေနွေးခွက်ကို ကုတင်ဘေးက စားပွဲပေါ်တင်လိုက်ပြီး မုန့်ရန်ရဲ့ ဘေးမှာ ဝင်လှဲလိုက်တယ်။မုန့်ရန်ရဲ့ လည်ပင်းသားတွေဆီမှာ ခေါင်းနှစ်ပြီး မုန့်ရန်ရဲ့ ကိုယ်သင်းနံ့လေးကို ပျော်ပျော်ကြီး ရှူရှိုက်လိုက်တယ်။

ဒီလို ကိုယ်သင်းနံ့လေးက မုန်ရြန်အိပ်ပျော်နေချိန်မှသာထွက်လာတယ်လို့ လော်ရှို့ ထင်ထားခဲ့တယ်။ဒါပေမယ့် သူတို့တွေ ဒီအရာကိုလုပ်ဆောင်ပြီးချိန်မှာ ထွက်လာတဲ့ကိုယ်သင်းနံ့လေးက ပိုပြီး ချိုမြနေတယ်။ဒါက လူတွေကို စိတ်လှုပ်ရှားစေတယ်။

လော်ရှို့ကိုတင်းကြပ်စွာဖက်တွယ်ထားတဲ့ မုန့်ရန်ရဲ့ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေတုန်းပဲ။ဒီခံစားချက်ကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အရှိန်မသေသေးတဲ့အပြင် အလုံးစုံ ကွယ်ပျောက်မသွားသေးဘူးလေ....

"အန်ကယ်လော် ကျွန်တော်တို့ မြန်မြန်ကလေးယူကြရအောင်"

မုန့်ရန် တုန်ယင်အက်ကွဲစွာပြောလိုက်တယ်။

"ကောင်းပြီ ကိုယ်တို့ ကလေးယူဖို့ အချိန်တန်ပြီ"

အခုဆို သူတို့နှစ်ယောက်က သွေးသားရောယှက်ထားတဲ့ အကြင်ခင်ပွန်းအစစ်အမှန်တွေဖြစ်သွားပြီဆိုတော့ လော်ရှို့ ကလဲ ဒီအသက်အရွယ်မှာ ကလေးတစ်ယောက်တော့ယူသင့်နေပြီလို့ တွေးလိုက်တယ်။ဒါ့အပြင်  မုန့်ရန်နဲ့ သားသမီးတွေကို တည်ငြိမ်တဲ့ ဘဝလေးတစ်ခု ဖန်တီးပေးနိုင်အောင် သူ့ရဲ့ လက်ရှိခွန်အားနဲ့ စွမ်းရည်တွေ အလုံအလောက်ရှိနေသေးတယ်လေ။နှစ်တွေအကြာကြီး လော်ရှို့ သည်းခံခဲ့ပြီးပြီ၊ ချန်းမိသားစုကို ဆန့်ကျင့်မယ့် သူ့ရဲ့plan တွေကို အစပြုဖို့ အချိန်တန်ပြီ..........

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now