Chapter-12 (Part 3)

2.6K 433 17
                                    


UNICODE



ရှောင်ရွှမ်းက စကားပြောတာကိုရပ်လိုက်တယ်။အဲ့တာကခနလေးပဲ။ ပြီးတော့ သူကတိုးတိုးလေးညည်းညူပြောတယ်။

"နိုင်ငံရေးသမားဖြစ်ရတာကိုမုန်းတယ်, နောက်ပြီးစီးပွားရေးလဲမလုပ်ချင်ဘူး"

"ဟုတ်ပြီ, ဒါဆိုမင်းဘာလုပ်ချင်လဲ? "

ရှောင်ရွှမ်း ဘာမှပြန်မပြောဘဲတီဗွီကို မိန်းမောတွေဝေစွာ ငေးကြည့်နေတယ်။ အချိန်တော်တော်ကြာပြီးမှသူကမဆိုင်းမတွဘဲ ပြောတယ်။

"တကယ်ဆိုရင်ကျွန်တော် သဲထိတ်ရင်ဖို၀တ္ထုရေးတဲ့စာရေးဆရာတစ်ယောက်ဖြစ်ချင်တယ်"

"အယ်?"

အူးယမ် အလွန်အံ့သြသွားပြီးသူ့ကိုလှည့်ကြည့်လိုက်တယ်။

"ဒါကကောင်းပါတယ်!"

"လုံးဝမကောင်းပါဘူး "

ရှောင်ရွှမ်းက ပခုံးတွန့်ပြီး နှုတ်ခမ်းကိုကွေးညွှတ်လိုက်တယ်။

"အဲဒါကဘာအတွက်ကောင်းလဲ?ဒီလိုကိစ္စမျိုးတွေရေးတာက ကျွန်တော် တို့ကုမ္ပဏီရဲ့စတော့ရှယ်ယာတွေကိုထိခိုက်စေလား?ကျွန်တော့် အကိုကြီးဆိုအခုအတော်လေးကောင်းကောင်းလုပ်နေတယ်, ​​ဒါကြောင့်မို ကျွန်တော်ကလည်း ရှောင်းမိသားစုကိုအခြားအောင်မြင်မှုအထွတ်အထိပ်ကိုရောက်စေတဲ့လူဖြစ်သင့်တယ်*"

[*မိသားစုကို ဒီ့ထက်အောင်မြင်အောင်ပိုလုပ်သင့်တယ်လို့ ပြောတာပါ]

"မင်း...."

အူးယမ်ကသူ့ခေါင်းကိုပွတ်လိုက်ပြီး

"အရမ်းစိတ်ဖိစီးစရာမလိုပါဘူး,မင်းက ရှောင်ရွှမ်းပဲ ပြီးတော့မင်းက ရှောင်ဖန်ရဲ့သား, အသက်ရှင်ဖို့အတွက် ဘ၀ ကို ရွေးချယ်ရတာပါပဲ.... မင်းကတကယ်ပဲ သဲထိတ်ရင်ဖိုတွေရေးတဲ့စာရေးဆရာတစ်ယောက်ဖြစ်ချင်ရင် မကြိုးစားကြည့်ပဲ ဘာလို့ မင်းကုမ္ပဏီကို သွားစီမံခန့်ခွဲမလဲ?"

" ဆရာလဲ အဲ့လိုပဲထင်တာလား?"

ရှောင်ရွှမ်းက အ နည်းငယ်ပျော်ရွှင်သွားပြီး မတ်မတ်ထိုင်လိုက်တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး,စိတ်ပျက်လက်ပျက်နဲ့ပြန်လဲကျသွားတယ်။

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now