3.

2.7K 205 1
                                    


မနက်လင်းအားကြီးချိန်၌ ကပ္ပိယကြီးအုန်းဖေတစ်ယောက် ရေးကြီးသုတ်ပြာနှင့် ဆရာတော်ဘုရားသီတင်းသုံးရာကျောင်းဆောင်သို့အပြေးအလွှားတက်လာခဲ့သည် ။

"ဘဘုန်း ဘဘုန်း!!! "

"ဟေ အုန်းဖေ ဘယ်လိုဖြစ်လာတာလဲကွယ် မနက်အစောကြီးကို ရေးကြီးသုတ်ပြာဖြစ်နေတာ မင့်နှယ် ''

ဆရာတော်၏ အရှေ့၌ အုန်းဖေမှာ လက်အုပ်ချီ၍ ထိုင်ချလိုက်ပြီး လာရင်းကိစ္စအား အမောတကောနှင့်လျှောက်တင်ရလေသည် ။

"ကျောင်းရှေ့...ကျောင်းရှေ့မှာ မိန်းကလေးတစ်ယောက်နဲ့ မွေးကင်းစကလေးတစ်ယောက် လဲကျနေလို့ ပြီးတော့ မိခင်က အသက်မရှိတော့ဘူးထင်တယ်ဘုရား ''

"ဟေ ဟုတ်လား ဒါဆို လာ လာ အခုပဲသွားရအောင် ''

အုန်းဖေတစ်ယောက် မနက်၄နာရီ၌ အုန်းမောင်းခေါက်ပြီး ကျောင်းဝန်းထဲသို့ လိုက်လံစစ်ဆေးနေစဥ် ကျောင်းရှေ့၌ လဲကျနေသော သားအမိအားတွေ့သွားပြီး အလန့်တကြားဖြစ်ကာ ဆရာတော်အား အမြန်လာရောက် လျှောက်တင်ခြင်းဖြစ်သည် ။

ဆရာတော်နှင့် အုန်းဖေတို့ ကျောင်းဝန်းအရှေ့သို့ ရောက်တော့ အသက်မရှိတော့သော အမျိုးသမီးအလောင်းတစ်လောင်းနှင့် ပုဆိုးစုတ်လေးဖြင့်ပတ်ထားကာ ပြုံးခြင်း ငိုခြင်းမရှိဘဲ မျက်လုံးလေး ကလယ်ကလယ်ဖြင့် လျှောက်ကြည့်နေသော မွေးကင်းစ ကလေးငယ်တစ်ယောက်အားတွေ့ရလေသည် ။

"ဟေ့ အုန်းဖေ ကလေးရော အမေပါ ခေါ်ခဲ့ကွယ် စီစဥ်သင့်တာ စီစဥ်ပေးရမှာပေါ့....အိမ်း..ရေစက်တွေ...ရေစက်တွေ....''

ဆရာတော်ကပြောကာဖြင့် ကလေးလေးအား ကောက်ချီကာ ကျောင်းထဲသို့ ပြန်ဝင်သွားလေသည် ။
အုန်းဖေလဲ အနှီအသက်မရှိတော့သော မိန်းမငယ်၏ လက်မောင်းမှ မချီကာ ကျောင်းထဲသို့ဆွဲခေါ်လာခဲ့သည် ။
.
.
.
.
.
.
"အုန်းဖေ ရောက်ပြီလားဟဲ့ ''

"တင်ပါ့ ''

ကလေးလေးအားပွေ့ချီကာ မေးလာသောဆရာတော်ကြောင့် အုန်းဖေလည်း လျှောက်တင်လိုက်သည် ။
ကလေးလေးအား တစ်ချက်ကြည့်လိုက်တော့ ဆရာတော်၏ လက်ပေါ်၌ အိပ်မောကျသွားသည်ထင် မျက်လုံးလေးများပိတ်ထားလေသည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now