4.

2.3K 171 0
                                    


ကားပေါ်ကဆင်းဆင်းချင်း မြင်ရသောမြင်ကွင်းအား ငယ်သွေး တအံအသြဖြင့် ငေးမောကာကြည့်နေမိသည် ။
မကျဥ်းမကျယ်ခြံဝန်းငယ်လေးက ၅နှစ်အရွယ် ငယ်သွေးလေး၏ မျက်လုံးထဲ၌ အလွန်တရာကြီးမားနေဟန် ။
လူလတ်တန်းစားရပ်ကွက်ရှိ နှစ်ထပ်တိုက်အိမ်ငယ်လေးမှာလဲ ငယ်သွေးအဖို့ နန်းတော်တမျှခမ်းနားနေဟန်ရှိသည် ။
လူမှန်းသိတတ်စအရွယ်ထဲက ငယ်သွေးတို့နေထိုင်ခဲ့သော ဘုန်းကြီးကျောင်းရှိ ပျဥ်ထောင်အိမ်နှင့် ခြားနားလွန်းစွာသော အပြင်အဆင်များ​ရှိသောကြောင့် အပြင်လောကကိုတစ်ခါမှခြေမချဖူးသော ငယ်သွေးလေးက တအံ့တသြဖြစ်နေသည်မှာမဆန်းလှပေ ။

ကားပေါ်စရောက်ထဲက နေရာတိုင်းကို တအံ့တသြဖြင့်လိုက်ကြည့်နေသော ငယ်သွေးလေးက အခုလည်း အိမ်သို့ရောက်သည်အထိ အံ့သြမဆုံးဖြစ်နေသောကြောင့် ဝါဆိုဦးပြုံးမိသည် ။
ငယ်သွေးလေးအတွက် ဒါက ​ပြင်ပလောကနှင့် ပထမဆုံးမိတ်ဆက်ရတာမှန်း ဝါဆိုဦးသိလေသည် ။
ဝါဆိုဦးက ငယ်သွေးလေး၏ ပုခုံးအားခပ်ဖွဖွကိုင်၍ ခေါင်းလေးကိုပုတ်ကာဖြင့်

"သမီးငယ် ခြံထဲက နောက်မှကြည့်လို့ရတယ် လာ သမီးရဲ့အခန်းကိုလိုက်ပြမယ် ''

"သမီးရဲ့အခန်း? "

ဝါဆိုဦးစကားအား ငယ်သွေးလေးကနားမလည်ဟန်ဖြင့်ပြန်မေးတော့ ဝါဆိုဦးက ပြုံးပြကာဖြင့်

"ဒါပေါ့ သမီးရဲ့ ကိုယ်ပိုင်အခန်းလေ သွားမကြည့်ချင်ဘူးလား ''

"သွားကြည့်ချင်တယ်မေမေ သမီးအခန်းလေးကိုကြည့်ချင်တယ် ''

စိတ်လှုပ်ရှားဟန်ဖြင့် အသံစာစာလေးဖြင့်ပြောလာသော ငယ်သွေးကြောင့် ဝါဆိုဦးရော ခန့်ထည်ပါ ရယ်မိကြသည် ။
တည်တံ့မောင်လေးကတော့ ထုံးစံအတိုင်း ခပ်အေးအေးသာ ။

ထို့နောက် သူတို့မိသားစုလည်း အိမ်ထဲသို့ဝင်လာကြလေသည် ။

"ဝါရေ သမီးငယ်ကို ဝါပဲအခန်းလိုက်ပြလိုက်တော့နော် ကို အလုပ်လေးရှိတာ အခုလုပ်မှရမှာမို့လို့ ''

"ဟုတ်ကဲ့ ကို ''

ခန့်ထည်က ဝါဆိုဦးကိုပြောပြီးနောက် ငယ်သွေးလေး၏ ခေါင်းလေးအားခပ်ဖွဖွပုတ်ကာ

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now