5.

2.1K 167 0
                                    


ဆရာဝန်ပြောခဲ့တဲ့အတိုင်းပဲ သက္ကရာက အနေအေးသော ကလေးတစ်ယောက်သာလျှင်ဖြစ်သည် ။
အရည်လဲ့နေသော မျက်ဆံနက်ကလေးများ ၊ ရှည်လျားကော့ညွတ်နေသော မျက်တောင်ခပ်စိပ်စိပ်ရှည်များ ၊ ပေါင်မုန့်ကဲ့သို့အိစက်နေသော ပါးဖောင်းဖောင်းကြီးနှစ်ဖက်နှင့် နီနီရဲရဲနှုတ်ခမ်းသေးသေးလေးရှိသော သက္ကရာက 'အသောက'ဘုန်းကြီးကျောင်းရှိ မိဘမဲ့ကလေးများအားလုံး၏ အချစ်တော်ကလေးပင်ဖြစ်သည် ။

ကောက်ညှင်းထုပ်နှင့်တူသော လက်ဖောင်းဖောင်း ခြေဖောင်းဖောင်းကလေးများနှင့် တလှုပ်လှုပ်ပြေးတတ်သော သက္ကရာလေးက ဘုန်းကြီးကျောင်းကို စရောက်သော မွေးကင်းစအရွယ်ထဲက ထူးဆန်းစွာပင် လုံးဝမငိုခဲ့ခြင်းဖြစ်သည် ။
ထိုကဲ့သို့ပင် သက္ကရာက နှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်ချင်းမရှိသော်လည်း သဘောကျသောအရာများတွေ့လျှင်တော့ ပါးချိုင့်ရေးရေးလေးပေါ်အောင် ခပ်ပါးပါးလေးပြုံးတတ်သည် ။

၁နှစ်ခွဲအရွယ်၌ စကားစပြောသော်လည်း တခြားကလေးများကဲ့သို့တီတီတာတာမပြောသည့်အပြင် လူတိုင်းကိုလဲစကားမပြောသော အချေပေါက်စကလေးပင်ဖြစ်သည် ။
သဘောကျသည့်သူကိုသာ စကားပြောတတ်သော သက္ကရာလေးက ဥာဏ်နှင့်တွေ့လျှင်တော့ စကားအများကြီးပြောလေ့ရှိသည် ။

သက္ကရာလေး မွေးကင်းစအရွယ်ထဲက ပေါက်စလေး ဥာဏ်က ထိန်းလာခဲ့၍ ဥာဏ့်လက်ပေါ်တွင်ပင်ကြီးလာခဲ့သောကြောင့် ဥာဏ်နှင့် သက္ကရာဆိုသည်မှာ ညီအကိုအရင်းသဖွယ်ပင် ဖြစ်နေတော့သည် ။

အခုဆို သက္ကရာလေးက ၅နှစ်ခွဲပင်ရှိနေပြီဖြစ်သောကြောင့် ဒီနေ့က သက္ကရာ၏ ကျောင်းစတက်ရမည့်နေ့ပင်ဖြစ်သည် ။
နေ့တိုင်း ဥာဏ်က ကျောင်းသွားတက်ရ၍ နေ့လည်ထမင်းစားချိန်၌ သက္ကရာလေးအား အပြေးလေးလာတွေ့တတ်ပေမယ့် သက္ကရာကတော့ ဥာဏ်နှင့် တောက်တဲ့လိုသာကပ်နေချင်သောကြောင့် ဥာဏ်သွားတက်သော ထိုကျောင်းဆိုတဲ့အရာကြီးကို သက္ကရာတက်ချင်နေသည်မှာ ကြာပြီဖြစ်သည် ။

သက္ကရာနှင့် ဥာဏ်က ၅နှစ်ကွာသောကြောင့် အတန်းမတူသော်လည်း ဥာဏ်နှင့်တစ်ကျောင်းထဲမှာတက်ရမည်ဖြစ်သောကြောင့် သက္ကရာ ဒီနေ့ အရမ်းပျော်နေလေသည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now