Special Extra-4

1.5K 189 6
                                    

Unicode...

"ဦးတို့နဲ့လိုက်ခဲ့ချင်လား က​လေး... ငါတို့မင်းကို​မွေးစားမယ်...မင်းစားချင်တာ​တွေ စားချင်သ​လောက်စားလို့ရမယ်...​​ကစားကွင်းလည်းလိုက်ပို့မယ်...အရုပ်​တွေလည်းဝယ်​ပေးမယ်...ကျောင်းလည်းထား​ပေး"

"ဟိုးထား...သားက ​ကျောင်းမတက်ချင်ဘူး"

​သော်ကြီးက ​ပေါက်စ​လေးကို​ချော့​ချော့​မော့​မော့နဲ့​ မက်လုံး​ပေးပြီး​အဆင်​ချော​နေတုန်း ​နောက်ဆုံးကျမှ ဟိုက​လေးကစကားကိုဖြတ်​​ပြောတယ်။ ​ပြောတဲ့စကားကလည်း ပိတ်ရိုက်ချင်စရာပါ။ ကျွန်​တော်လက်​လျှော့ပြီး ထားခဲ့လိုက်ရ​ကောင်းမလား။

"ဟုတ်ပါပြီ ဟုတ်ပါပြီ...အခုလည်း​​ကျောင်းမတက်ခိုင်း​သေးပါဘူး...ဦးတို့နဲ့လိုက်ခဲ့မယ်ဆို ဒီလိုသူများပစ္စည်း​တွေလိုက်ခိုးစရာ သူများဆီကလိုက်​တောင်းစရာမလို​တော့ဘူး"

"ဦးကြီးတို့ကို ဘယ်လိုယုံရမှာလဲ...​ခေါင်းကြီးက ဘယ်သူ့ကိုမှမယုံရဘူးလို့​ပြောတယ်...ပြီး​တော့ မင်းတို့ကိုတစ်​ယောက်​ယောက်ကများ​မွေးစားမယ်လို့​ပြောရင် အဲလူကိုငါ့ဆီ​ခေါ်ခဲ့တဲ့...ငါကအုပ်ထိန်းသူမို့ ငါ့ခွင့်ပြုချက်ရမှပဲ​မွေးစားလို့ရမှာတဲ့...မဟုတ်ရင် မင်းတို့​ရော​မွေးစားမဲ့လူ​တွေပါ ​တရားစွဲပြီး​ထောင်ချပစ်မယ်တဲ့...အဲလို​ပြောတယ်"

က​လေးက ထင်ထားတာထက်ပိုလည်တာပဲ။ ဒါ​ပေမဲ့ သူတို့​ခေါင်း​ဆောင်ကြီး​ရဲ့အ​ပြောကို​တော့ နည်းနည်းရှိန်​နေတယ်ထင်တယ်။

"ဒီ​တော့မင်းက မင်းရဲ့​ခေါင်းကြီးဆီသွား​တွေ့မှ လိုက်မယ်​ပေါ့"

ကျွန်​တော်က ဖြတ်​​မေးလိုက်​တော့ မုန့်စိမ်း​ပေါင်းလေးက ကျွန်​တော့်ဘက်လှည့်ပြီး​ ​သေချာစိုက်ကြည့်တယ်။

"သား သူ့ကိုမ​ကြောက်ဘူးဦးကြီး...အဲလိုသွား​တွေ့ရင် သူကဦးကြီးတို့ဆီက ​ငွေညှစ်မှာ"

"ဒါဖြင့် ဦးတို့ကိုယုံပြီးလိုက်ခဲ့လိုက်​တော့...မင်းယုံအောင်​ပြောရရင် ဒီမှာကြည့်...ဒါဦးတို့မိသားစုပုံ​တွေပဲ...ဦးတို့ဆီမှာ ရဲမှူးကြီးတစ်​ယောက်လည်းရှိတယ်"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now