အပိုင်း ၇

12.6K 1.2K 15
                                    

Uni

သင်္ကြန်အကြတ်နေ့...

တည်စေ မနက်အစောကတည်းက မဏ္ဍပ်အောက်မှာ ကဲလေးကို သွားစောင့်နေလိုက်သည်..။

တဖြည်းဖြည်းနဲ့ လူတွေပြည့်လာပြီးနောက်တစ်ခဏကြာတော့ ကဲလေးအစ်မဖြစ်သူရွှန်းဝင်လာသည်ကိုတွေ့လိုက်ရ၏..။

တည်စေ လူအများကိုတိုးဝှေ့ရင်း မျက်လုံးကလည်းချစ်ရသူလေးကို လိုက်ရှာနေမိသည်..။

လုံး၀မတွေ့..။

အစ်မဖြစ်သူနောက်မှာလည်းမပါ..။

အမြွှာနှစ်ယောက်ကြားထဲလည်း မရှိ..။

ကလေးက မလာသေးတာလား...။

ရွှန်း မဏ္ဍပ်အောက်ကနေ စင်ပေါ်တက်မည်အလုပ် ဆေးကျောင်းသား/ ကျောင်းသူတွေကြားထဲမှာ ထီးထီးမားမားနှင့်လူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ အံ့သြသွားရသည်..။

ဒီလူ ကဲလေးကို လာရှာတာလား..။

အမြန်စင်ပေါ်ကနေပြန်ဆင်းလာပြီးပခုံးဆီလက်ဖြင့်ပုတ်ခေါ်လိုက်၏။

"ကိုတည်စေမဟုတ်လား..''

တည်စေ ကိုယ့်ပခုံးကိုပုတ်ခေါ်လိုက်တာမို့ လှည့်ကြည့်လိုက်တော့ ကဲလေးရဲ့အစ်မဖြစ်သူမို့ရယ်ပြလိုက်၏..။

"အာ..ဟုတ်တယ် ရွှန်း.... ကိုယ် ကဲလေးဆီလာတာ မနေ့က ဒီမှာတွေ့လိုက်လို့..."

ရှက်မျက်နှာရဲရဲဖြင့်ပြောလာတော့ ရွှန်းအသာပြုံးကာပြောလိုက်၏။

"ဪ...ကဲလေး နေမကောင်းလို့ ဒီနေ့ လိုက်မလာဘူး...အိမ်သွားလိုက်ပါ့လား...ဘယ်သူမှမရှိဘူး..ပါးနဲ့မားက တရားစခန်းဝင်နေလို့..."

"okok...ကိုယ်သွားလိုက်မယ်..ကျေးဇူး ရွှန်း.."

တည်စေ ကားဆီပြေးထွက်လာခဲ့သည်..။လူမရှူပ်ခင် ပြန်ရမည်..။

ကလေးက နေမကောင်းဘူးတဲ့လား..။

မနက်က စာမပို့လို့စိတ်ကောက်မပြေသေးလို့ ထင်နေမိတာ...။

ကားပေါ်တက်မောင်းကာ အိမ်ပြန်ပြီး အရင်အဝတ်လဲလိုက်သည်..။

ဦးငယ်က ဒုလ္လဘရဟန်းဝတ်နေတာမို့ တည်စေ တစ်ယောက်တည်းသာအိမ်မှာရှိ၏..။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now