အပိုင်း ၈

12.4K 1.2K 24
                                    

Uni

ခမ်း ကုတင်ပေါ်ခေါင်းတင်အိပ်နေသောလူနှစ်ယောက်ကိုပြုံးကြည့်နေမိသည်..။

တမင်သက်သက်ကားတံခါးအညှပ်ခံလိုက်တဲ့ ခမ်းခြေထောက်လေးတော့ သနားမိပါရဲ့..။

သင်္ကြန်လည်ဖို့ ဖုန်းဆက်တော့ မအားဘူးဆိုတဲ့အကြောင်းပြချက်ပေးကာ ငြင်းဆန်နေသူကို ခမ်းမသက်ာမိလို့ အနာတရ လုပ်ပစ်ကာအနားကို ပြန်ခေါ်လိုက်ရသည်ပင်..။

ငယ်သူငယ်ချင်းတွေမို့ တည်စေ သံယောဇဉ် ရှိတာ ခမ်းအသိဆုံး..။

တည်စေတင်မဟုတ်...ကျန်တဲ့နှစ်ယောက်အပါအဝင် ၄ယောက်လုံးကစည်းစည်းလုံးလုံးရှိကြသူတွေ..။

ထိုကလေးက fb accလာအပ်တဲ့နေ့က တည်စေ ဝမ်းသာလုံးဆို့နေတဲ့ အသံကြီးနဲ့ သူမတို့တွေကို လှမ်းရင်ဖွင့်ခဲ့သည်မဟုတ်လား....။

accထဲ fri ရှိနေမှန်းသိလို့ မြင်စေလိုတဲ့ စိတ်အရင်းခံကာ Tag တွဲပြီး Post တစ်ခု တင်လိုက်သည်..။

ပုံကိုလည်း တည်စေ ဘေးက ပိုင်သွေးပုံမပါအောင် ရိုက်တင်လိုက်၏..။

ပြေးစမ်းပါ ကောင်လေးရယ်..။

လက်လွှတ်လိုက်စမ်းပါ...။

မင်းနဲ့ ထိုက်တန်တဲ့သူ မဟုတ်တာမလို့ လက်လျော့လိုက်စမ်းပါ..။

လိင်တူဆိုတာမျိူးက ပတ်ဝန်းကျင်ကဲ့ရဲ့ခံရသူတွေမို့ မင်း တည်စေ ကို ချစ်တယ်ဆိုရင် လက်လွှတ်လိုက်စမ်းပါ...။
...........
မနေ့က တည်စေ ကဲလေးဆီ ပြန်မသွားနိုင်..။

ခမ်းဆေးရုံတင်လိုက်ရသည်မို့ ညနက်ပိုင်းရောက်မှအိမ်ပြန်ရောက်တော့သည်..။

ရောက်သည့်အချိန်ကလည်း ၁၁ခွဲနေပြီမလို့ ကဲလေးဆီ ဖုန်းလှမ်းမဆက်တော့ပဲ အိပ်ပစ်လိုက်တော့၏..။

ညနက်မှအိပ်ပျော်သွားမို့ မနက်လည်းအစောမထနိုင်တော့..။

မနက်၁၀နာရီကျော်မှ နိုးလာခဲ့၏..။

နိုးနိုးချင်း အိပ်ယာပေါ်မှမထပဲ ဖုန်းလှမ်းယူကာ ချစ်ရသူကို နှူတ်ဆက်ပြီးတစ်နေ့တာ စတင်ဖို့ပြင်လိုက်သည်..။

Messangerထဲဝင်တော့ မြင်လိုက်ရတဲ့အရာကြောင့် အိပ်နေရာမှဝုန်းကနဲ ထထိုင်မိလိုက်သည်..။

ငယ်ချစ်တည်စေM-preg(Completed)Where stories live. Discover now