ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)

10.6K 1.2K 68
                                    

ရှဲ့ဟယ် ဒီSystem ကိုမငြင်းပါဘူး။တခြားသောကမ္ဘာတွေမှာ စိတ်ဝင်စားစရာကောင်းတာတွေကိုလုပ်အဖို့အခွင့်ရေးကိုလက်လွတ်မနိူင်ဘူးလေ။ဒါပေမယ့် ကိုယ့်ရဲ့အားနည်းချက်ကို တစ်ဖက်လူကိုပေးသိလို့မဖြစ်ဘူး။ရှဲ့ဟယ်က မုန့်ကျွေးလိုက်၊တုတ်ပေးလိုက်နဲ့  444ကိုဖြည်းဖြည်းချင်းစဉ်းစားခွင့်ပေးလိုက်တယ်။

[ရှဲ့ဟယ်: ကောင်းပြီ၊မင်းဘာမင်း Uninstall လုပ်လို့မဘူးဆိုတာငါသိသားပဲ။ဒါပေမယ့် ငါဒီကမ္ဘာမှာကောင်းကောင်းနေနေတယ်၊ငါဒီကမ္ဘာကနေ ထွက်မသွားချင်ဘူး၊အဲ့တော့ ကမ်းလှမ်းလာတာတွေကို ငါလက်မခံဘူး။အဲ့တာတွေကို မင်းအနေနဲ့ Main Syatem ဆီကိုသတင်းပို့ပေးလို့တော့ ရပါတယ်။မင်း ငါ့ကိုယ်စား သတင်းပို့ပေးမယ်မလား?ဒါက မင်းအတွက်အရမ်းကြီး ခက်ခဲမနေပါဘူးကွာ]

ဒီစကားကို ​ပြောပြီးအကြာကြီးနေတော့မှာ 444 ရဲ့ အီလက်ထရောနစ်သံကြီးကို တဖန်ပြန်ကြားရတော့တယ်။

[444:System တစ်ခုနဲ့ချိတ်ဆက်လိုက်ရင် ကောင်းကျိုုးတယ်အများကြီးရှိတယ်နော့။ပထမတစ်ခုက...
System နဲ့ ချိတ်ဆက်ထားတဲ့ Host တွေက ကမ္ဘာတွေရဲ့ အချိန်နဲ့နေရာတွေကို ကြိုက်သလိုချိန်ညှိလို့ရတယ်။ပြီးတော့ Host ရဲ့ ခန္ဓာကိုယ်ကလဲ ဖျက်စီးမရနိူင်လောက်တဲ့အထိ ကြံ့ခိုင်သန်မာသွားမှာ၊လွယ်လွယ်ပြောရရင် မသေမျိုး(အင်မော်တယ်) ခန္ဓာကိုယ်ပေါ့ဗျာ။ဒုတိယအချက်က....Host အနေနဲ့ ကွဲပြားခြားနားတဲ့ မြင်ကွင်းမျိုးစုံကိုကြည့်ခွင့်ရမယ်။ Host အလိုရှိတိုင်းရနိူင်မယ့် အခမဲ့အားလပ်ရက်တွေလဲရှိသေးတယ်။တတိယအချက်က.....Host သာ Mission တွေကိုပြီးမြောက်အောင်လုပ်နိူင်ရင် Point တွေရမယ်။အဲ့ Pointတွေနဲ့ main system ဆီမှာ ပစ္စည်းတွေလဲလို့ရသေးတယ်။Main System ဆီမှာ ပစ္စည်းမျိုးစုံရှိတယ်။ပြိုင်ဘက်ကင်းသိုင်းကျမ်းတွေ၊အရမ်းလှတဲ့အဆင်တန်ဆာတွေ၊အများကြီး ၊အများကြီးပဲနော်။
အိမ်မက်က လက်တစ်ကမ်းလေးမှာတင်ပဲနော်၊စိတ်ကူးမလွဲနဲ့ Host ရေ!!!]

[ရှဲ့ဟယ်: ​ကြေငြာအားတော့ကောင်းသားပဲ]

[ရှဲ့ဟယ်: ပထမတစ်ခုက မသေမျိုးနော်၊အဲ့တာကြီးက လွတ်လပ်မှုမရှိတဲ့ အဆုံးမဲ့ ထောင်ဒဏ်ကြီးနဲ့တူမနေဘူးလား?ဒုတိယအချက်....ငါ့ပုံစံက ပိုက်ဆံမရှိလို့ခရီးမသွားနိူင်တဲ့ပုံပေါက်နေလို့လား?နောက်ဆုံးအချက်....
ဘာပဲလိုချင်၊လိုချင် Point နဲ့လဲရမယ်လို့မင်းပြောခဲ့တယ်နော်။ပစ္စည်းကောင်းရင်၊စျေးကောင်းမှာပဲလေ။အဲ့မှာ မိုးလောက်ထိစျေးမြင့်တဲ့ပစ္စည်းတွေရှိတယ်မလား?မင်းမှာသာ Point လုံလုံလောက်လောက် မရှိရင် ဘာမှအသုံးမဝင်ဘူး။နေစမ်းပါဉီး ငါမေ့တော့မလို့။မင်းပြောတော့ Mission မအောင်မြင်ရင် Point တွေအကြွေးတင်ဉီးမယ်ဆို၊ မင်းပြောကြည့်စမ်း...point ရှာရတာ လွယ်သလား?]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now