Arc.4.10
3.6K 617 106
" မဖြစ်နိုင်ဘူး!!! " ရိုးလ်လစ်က မျက်နှာဖြူဖျော့နေသည့် ဖခင်ဖြစ်သူ ရိုးလ်စ်တန်အား ကြည့်လိုက်သည် ။ တဖန် သူ့လက်ထဲက အရောင်မှိန်မှိန်လင်းလက်နေသည့် ကျောက်တုံးကိုကြည့်လိုက်သည်။ သူ့ စင်ကြယ်ခြင်းစွမ်းအင်များသည် အရင်ကလောက် အားမကောင်းခြင်းက သိသာနေလေသည် ။ သို့သော် ရိုးလ်လစ်၏ မျက်နှာက တည်ငြိမ်လွန်းမက တည်ငြိမ်နေလေသည်။
" အခုချက်ချင်း ဘုန်းတော်ကြီးတွေကို အကြောင်းကြားရအောင် !!! သူတို့မှာ နည်းလမ်းရှိလိမ့်မယ် " ရိုးလ်လစ်၏ ဖခင်သည် အဖြေရသွားဟန် ပြောလိုက်သည် ။ တံခါးဖွင့်ရန် ကြံနေသည့် ဖခင်အားကြည့်ကာ ရိရိုးလ်လစ်ကျောက်တုံးကို ညစ်ချေလိုက်သည် ။ " နည်းလမ်းမရှိဘူးဆိုရင်ရော .."
ရိုးလ်တန်၏ ခြေလှမ်းများသည်ရပ်တန့်သွားလေသည်။ တကယ်လို့ နည်းလမ်းမရှိတော့လျှင် ရိုးလ်လစ်၏ အဆင့်အတန်းသည် သာမန်လူသားများနဲ့ မခြားတော့သလို ရိုးလ်မိသားစု၏ ဂုဏ်လဲ အနိမ့်ဆုံးသို့ ရောက်သွားပေလိမ့်မည် ။ ရိုးလ်တန်က ပြန်လှည့်လာကာ  ရှေ့လျှောက်နောက်လျှောက် လုပ်လိုက်သည်။ " နည်းလမ်းရှိမှာပါ... နည်းလမ်းရှိမှာ .. " ရိုးလ်တန်က ရိုးလ်လစ်အား ကြည့်လိုက်ကာ " မင်းရဲ့ နှလုံးသားကို ဘယ်အရာက ညစ်ထေးစေတာလဲ ..အရင် သေချာအောင် လုပ်ရမယ် "
" စင်ကြယ်ခြင်းရေကန်ကို ဝင်နိုင်အောင် အရင်လုပ်ကြတာပေါ့ ..ဒါက မဖြစ်ဖူးတာမှ မဟုတ်တာ " ထိုရေကန်၏အစွမ်း သတ္တိသည် လူများ၏ မကောင်းသည့်အတွေးများကို ပယ်ဖျောက်စေနိုင်စွမ်းရှိလေသည် ။ ရိုးလ်လစ်သည်လည်း လူသားတစ်‌ယောက်ဖြစ်သည့်အတွက် မကောင်းသည့်အတွေးများနဲ့ မလွှတ်ကင်းချေ ။ သို့သော် မွေးရာပါ သန့်စင်နှလုံးသားကြောင့် သူ့အတွေးအများစုက ရိုးရှင်းကာ မကောင်းသည့်အတွေးများကို ပယ်ဖျက်ပေးသည် ။ ဆိုရလျှင် ရိုးလ်၏ ကိုယ်ထဲတွင် စင်ကြယ်ခြင်းရေကန်ရှိနေသည်နဲ့တူလေသည် ။
ရိုးလ်လစ်က ခေါင်းအသာငြိမ့်လိုက်ပြီး အခန်းသို့ ပြန်သွားလိုက်သည် ။ လမ်းတွင် ရပ်စောင့်နေသည့် ရစ်ခ်ျကိုးလ် ကို တွေ့သည့်အချိန်တွင် ရိုးလ်လစ်က ရပ်တန့်လိုက်သည် ။ ရစ်ခ်ျကိုးလ် က ရိုးလ်လစ် အား မြင်လိုက်သည်နဲ့ ပွေ့ဖက်လိုက်လေသည် ။ " ကိုယ့်ကို ဘာလို့ရှောင်နေတာလဲ .."