6.

1.9K 148 0
                                    


ဝုန်း!!!!!!!

သက္ကရာအလန့်တကြားနှင့်အိပ်ရာမှကုန်းထလိုက်သည် ။

ဘေးဘီဝဲယာကိုကြည့်လိုက်တော့ တန်းစီပြီးအိပ်နေကြသူများကိုတွေ့ရမှ ခေါင်းတစ်ချက်ခါရမ်းရင်း သက်ပြင်းခပ်ဖွဖွချမိသည် ။

*မပြီးဆုံးနိုင်တဲ့ အိမ်မက်တွေမက်နေပြန်ပြီပဲ *

အိပ်ဆောင်တံခါးအနား နံရံပေါ်ရှိ တိုင်ကပ်နာရီအဟောင်းကြီးကို တစ်ချက်ကြည့်လိုက်တော့ မနက်၅နာရီတိတိကိုညွှန်ပြနေလေသည် ။
မကြာခင် ဘဘုန်းတို့ ဆွမ်းခံကြွတော့မည်ဖြစ်သောကြောင့် ဘုန်းကြီးကျောင်းသားလေး သက္ကရာက ဆွမ်းခံလိုက်ရမည်ဖြစ်သည် ။
ဘဘုန်းတို့ကျောင်းက အခုဆို အလှူရှင်တွေပေါများပေမယ့် ဘဘုန်းတို့ကတော့ ဝိနည်းနဲ့အညီ မနက်တိုင်း အနီးနားရှိ ကျူးကျော်ရပ်ကွက်ကလေးသို့ ဆွမ်းခံကြွလေ့ရှိသည် ။

တစ်နေ့လုပ်မှ တစ်နေ့စားရ၍ ဆွမ်းမလောင်းနိုင်သည့်အိမ်များရှိသလို 'မရှိလို့မလှူ မလှူလို့မရှိ 'မဖြစ်ရအောင်မရှိ,ရှိတာလေးနှင့် ဆွမ်းလောင်းတတ်သော သဒ္ဒါတရားထက်သန်သူများလည်းရှိသောကြောင့် ဘဘုန်းတို့က မနက်တိုင်း ဆွမ်းအလှူခံကြသည် ။

တကယ်ဆို ဆွမ်းခံလိုက်တာက တစ်နေ့ကိုကျောင်းသား ၂ယောက်နှုန်းနဲ့ ဘဘုန်းကလိုက်ခိုင်းသည် ။
သို့သော် အားလုံး၏အနိုင်ကျင့်ခံဖြစ်သော သက္ကရာကပဲ ဒိုင်ခံတာဝန်ယူကာ မနက်တိုင်း ဆွမ်းခံလိုက်လေသည် ။
မဟုတ်လို့ ကျောင်းမှာနေလျှင် အနိုင်ကျင့်ခံရမည်ကို သက္ကရာကြောက်သည် ။
ဘဘုန်းနှင့်အတူရှိလျှင်တော့ တခြားကျောင်းသားများက အနိုင်မကျင့်ကြသောကြောင့် သက္ကရာက လုံခြုံတယ်လို့ ခံစားရသည် ။

အိပ်ရာသိမ်းကာ စောင်ကိုခေါက်ပြီး ခေါင်းအုံးပေါ်၌ ညီညီလေးတင်ထားလိုက်သည် ။
သက္ကရာ၏ဘေး၌တော့ ဥာဏ်က အိပ်မောကျနေသေးသောကြောင့် တစ်ချက်ကြည့်ကာ မနှိုးတော့ဘဲ မျက်နှာသစ်ရန် ထလိုက်သည် ။

အခုဆို သက္ကရာက ၁၀တန်းကျောင်းသားတောင်ဖြစ်နေလေပြီ ။
ကိုကိုက ထွက်သွားပြီးထဲက ၅နှစ်အကြာမှ ကျောင်းသို့ပြန်ရောက်လာခဲ့သည် ။
ကိုကို့ရဲ့အမေကလည်း ဆုံးပါးသွားပြီတဲ့လေ ။
တစ်ယောက်ထဲရုန်းကန်နေရတော့မယ့် ကိုကိုက ကိုကို့အမေထားခဲ့တဲ့အိမ်လေးမှာပဲဆက်နေကာ  တက္ကသိုလ်ဆက်မတက်ဘဲ အလုပ်လုပ်ခဲ့သည် ။
အလုပ်ပိတ်ရက်များတွင်တော့ ကိုကိုက သက္ကရာဆီလာလည်၍ စကားတွေအများကြီးပြောပြီး တဖွဖွ တောင်းပန်စကားဆိုလေ့ရှိသည် ။
အခုလို ကျောင်း၌ အိပ်သည့်ရက်များတွင်တော့ ကိုကိုက သက္ကရာနှင့်အတူ ဆွမ်းခံလိုက်လေ့ရှိသည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now