Arc.4.11
3.4K 624 81
ရီဗဲလ် က ရိုမန်အား အသာဖက်လိုက်ကာ ညင်သာသောလေသံလေးဖြင့် ပြောလိုက်သည် ။ " မငိုနဲ့တော့နော်... ကျွန်တော်က သခင့်ကို ကာကွယ်ပေးမယ် " ရိုမန်က သူ့အားကာကွယ်မည်ဟု ပြောနေသည့် ကောင်လေး၏မျက်နှာထက်က အမှုအရာတိုင်းကို မလွှတ်တမ်းကြည့်နေရင်းမှ ပြုံးလိုက်သည် ။
" ကောင်းပြီ... "
ဝုန်း!!!
" ရိုမန်!!!! " အားပြင်းပြင်းဖြင့် ပွင့်ထွက်သွားသည့်တံခါးနဲ့အတူ ကျယ်လောင်သည့်အသံကြောင့် ရိုမန်က ရီဗဲလ်၏ နားကို အလျင်အမြန်အုပ်ပေးလိုက်သည် ။ သူက မျက်စိရှေ့သို့ ရောက်လာသည့် ရိုးလ်၏ပုံရိပ်ကြောင့် မျက်မှောင်ကြုတ်ကာ အနောက်မှ အသဲအသန်ထွက်လာသည့် အစောင့်များကို ကြည့်လိုက်သည် ။ အစောင့်များမှာ ကြောက်လွန်း၍ ခေါင်းငုံ့ထားရုံသာ တတ်နိုင်လေသည် ။
ရိုးလ်လစ်က ဝင်ဝင်ချင်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် လက်သီးကိုဆုပ်မိလိုက်ပြီး ဒေါသထွက်လာလေသည် ။ သူက ရိုမန်အရှေ့သို့ သွားလိုက်ကာ မာထန်စွာပြောလိုက်သည်။
" ဘာသဘောလဲ ... ဘာလို့ ကျွန်တော်က စာကြည့်တိုက်ထဲ ဝင်လို့မရရတာလဲ .." သူပြောနေသည့် စာကြည့်တိုက်မှာ မြို့၏အဓိက စာကြည့်တိုက်မဟုတ်ဘဲ အက်စ်တွန်မျိုးနွယ်၏ ပိုင်ဆိုင်မှုကို ပြောခြင်းပင် ။ ထိုအထဲတွင် သာမန်စာကြည့်တိုက်များနဲ့ မတူဘဲ အဆင့်မြင့်‌မှော်စကေးများနဲ့ အစီအရင်များကို စုစည်းထားသည် ။ ရှေးကတည်းက ရှိခဲ့သည့် အက်စ်တွန်မျိုးနွယ်က မျိုးဆက်တိုင်း စုဆောင်းထားသဖြင့် အစွမ်းထက်သည့် မှော်ပညာများ မည်မျှစုဆောင်းထားခဲ့သည်ကို ရေတွက်လို့ပင်မရချေ ။ တနည်းအားဖြင့် ထိုကဲ့သို့ တန်ဖိုးကြီးနေရာအား ဝင်ခွင့်သတ်မှတ်ထားခြင်းမှာ ဖြစ်နိုင်ပေသည် ။
သို့သော် အရင်က အက်စ်တွန်၏အမိန့်အောက်တွင် ရိုးလ်လစ်သည် ထိုကဲ့သို့နေရာကိုပင် အတားအဆီးမရှိ ဝင်နိုင်လေသည် ။ သူက ရိုးလ်လစ်အား မှော်စာအုပ်များကိုပင် ယူခွင့်ပြုထားခဲ့လေသည် ။
ရိုမန်က ရိုးလ်လစ်အား မကြည့်ခဲ့ဘဲ ရီဗဲလ်၏ ပါးပြင်လေးကိုသာ အသာပွတ်သတ်နေခဲ့သည် ။ ရိုးလ်၏ ဒေါသတကြီးအပြုအမှုကို လန့်သွားသဖြင့် ခန္ဓာကိုယ်လေးသည် တောင့်တင်းသွားခဲ့သည် ။ သို့သော် ရီဗဲလ်၏ မျက်ခုံးလေးများသည် လှပစွာ တွန့်ကွေးသွားခဲ့ကာ ရိုးလ်လစ်အား ကြည့်လိုက်ပြီး " မအော်နဲ့!!! သခင့်ကို မအော်နဲ့!!! "