7.

1.8K 129 1
                                    


"သက်သာရဲ့လား သက္ကရာ ''

သက္ကရာမျက်လုံးဖွင့်ဖွင့်ချင်း စိုးရိမ်တကြီးဖြင့်ကြည့်နေသော ကိုကို့၏ မျက်နှာအားတွေ့ရလေသည် ။
ထို့နောက် မျက်နှာကျက်ကို မော့ကြည့်မိတော့မှ ဘုန်းကြီးကျောင်းပြန်ရောက်နေမှန်းသိရတော့သည် ။
သက္ကရာ ဘယ်လိုဖြစ်လို့ ဒီကိုပြန်ရောက်နေမှန်းမသိပေ ၊ သက္ကရာနောက်ဆုံးသိတာက ရန်ပွဲကိုမြင်ပြီး လဲကျသွားတယ်ဆိုတာပဲ ။

"သက္ကရာ ဘယ်နားနာသေးလဲဟင် ကိုကို့ကိုတစ်ခုခုပြောပါဦး ကိုကိုစိတ်ပူလို့သေတော့မှာပဲ ''

ကိုကို့စကားကြောင့် သက္ကရာ ရယ်ချင်မိသွားသည် ။
စကားမပြောနိုင်တဲ့သူကို အခုထိစိတ်ကောက်နေလို့ စကားမပြောချင်ဘူးလို့ထင်နေသေးတဲ့ ကိုကို့ကို သနားလည်းသနားမိသည် ၊ ရယ်လည်းရယ်ချင်မိသည် ။

*ဟုတ်တယ် သက္ကရာက လူတွေကိုသနားတယ် ၊ လူတွေကသက္ကရာကိုသာ သနားနေကြတာ သူတို့ကိုယ်တိုင်က သနားဖို့ကောင်းတယ်ဆိုတာမသိကြဘူး ၊ သက္ကရာ စကားမပြောနိုင်တာက တစ်ခုတော့ကောင်းတယ် ၊ လူတွေက သက္ကရာကို စကားအများကြီးပြောလေ အဲ့ဒီလူတွေရဲ့အားနည်းချက်ကို သက္ကရာက ပိုသိလာလေပဲ....*

လဲလျောင်းနေသော သက္ကရာကိုငုံ့မိုး၍ ပြိုတော့မယ့်မိုးလိုမျက်လုံးမျိုးနဲ့ကြည့်နေသော ကိုကိုက တကယ်ပင် စိတ်ပူနေဟန်တူသောကြောင့် သက္ကရာ ခေါင်းခါပြလိုက်သည် ။
ထိုအခါမှ ကိုကိုက စိတ်အေးသွားဟန် သက်ပြင်းရှည်ကြီးတချက်ချ၍

"တော်သေးတာပေါ့ သက္ကရာရယ် ကိုကိုဖြင့် စိတ်ပူလိုက်ရတာ နောက်တစ်ခါ ဆွမ်းခံရင် သက္ကရာကိုမခေါ်သွားဖို့ ဘဘုန်းကို ကိုကိုပြောပြီးပြီ သိလား ''

သက္ကရာ မျက်ခုံးတွေကို တွန့်ချိုးပစ်လိုက်သည် ။

*ဘယ်သူ့သဘောနဲ့ သက္ကရာလုပ်ချင်တဲ့ အရာကို ပိတ်ပင်ပစ်ရတာလဲ.....အိပ်ဆောင်မှာနေခဲ့ရင် သက္ကရာအနိုင်ကျင့်ခံရမှာကိုမသိတာလား....အင်းပေါ့ ဘယ်သိပါ့မလဲ ကိုကိုကလဲသူ့အနားမှာမနေချင်လို့ထားသွားတဲ့သူပဲ..*

သက္ကရာ စိတ်ထဲ၌ ခပ်ချဥ်ချဥ်တွေး၍ ကိုကို့ကိုမကြည့်တော့ဘဲ တစ်ဖက်သို့စောင်းအိပ်၍ မျက်လုံးများကိုပိတ်ချထားလိုက်သည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now