အပိုင်း ၈

1K 142 22
                                    

Unicode


      ပိုင်ဝေ့ရှင်း  အိမ်ပြန်ရောက်တဲ့အခါမှာ ဇာတ်လိုက်မအားမတွေ့ရသဖြင့်  အိမ်ဖော်ကောင်မလေးတယောက်အားမေးကြည့်ရာ ပြန်မရောက်သေးကြောင်းသိရသည်။ သူမရဲ့အခန်းထဲကို ခဏနေရင်  ကော်ဖီခါးခါးလေးတခွက်နဲ့ရေခဲအနည်းငယ်ကို  ယူလာပေးရန်မှာပြီး အပေါ်ထပ်သို့တက်ကာ ရေချိုးရန်ပြင်ဆင်လိုက်သည် ။

  အခန်းထဲရောက်တော့  ရေချိုးခန်းကို အရင်သွားကာ  ရေနွေးဖြင့်ရေစပ်ကာ ရေချိုးကန်ထဲသို့ဖြည့်ထားလိုက်သည်။ သူမရဲ့ အဝတ်များအား တထည်ချင်းချွတ်ကာ ဗီရိုဘေးရှိ လျှော်မဲ့ခြင်းထဲသို့ပစ်ထည့်လိုက်ပြီးတော့ ရေချိုးခန်းထဲ ပြန်ဝင်ကာ ကန်ထဲသို့ ဖြေးဖြေးချင်းပဲ ဆင်းလိုက်သည်။ အင်အားသုံးပြီး တိုက်ခိုက်ခဲ့တာမဟုတ်ပေမဲ့ ဗလကြီးလိုခန္ဓာကိုယ်မျိုးကို အကြောရှာဖို့အတွက်တော့ သူမ လ​က်ချောင်းလေးများကို အတော်အားစိုက်လိုက်ရသည်။ တံခါးခေါက်သံနဲ့အတူ အိမ်ဖော်ကောင်မလေးတယောက်ရဲ့ ''ကော်ဖီရပါပြီ''ဟူသောအသံကို ကြားလိုက်ရ၍ တံခါးဖွင့်ထားကြောင်းနှင့်ကော်ဖီအား စားပွဲခုံပု​လေးအပေါ်တင်ထားခဲ့ရန်ပြောလိုက်သည်။

  နာရီဝက်ခန့်ကြာအောင် ရေချိုးကန်ထဲစိမ်နေပြီးနောက် တဘက်အား ရင်ဘတ်မှာဖြတ်စည်းလိုက်ပြီး  ရေစက်လက်နဲ့ဆံပင်များအား နောက်တဘက်တခုဖြင့်စုကာခေါင်းပေါင်းလိုမျိုး ပေါင်းလိုက်ပြီး အပြင်သို့ထွက်လာခဲ့လိုက်သည်။ ဗန်းလေးတခုပေါ်တွင် ရေခဲအနည်းငယ်ထည့်ထားသောပုံစံခွက်တခုနှင့် သူမ့အကြိုက်ကော်ဖီခါးခါးလေးတခွက် ပြင်ဆင်ပေးထားတာတွေ့လိုက်ရသည်။

ဗီရိုထဲမှ တီရှပ်ပွပွတထည်နှင့်ဒူးလောက်သာအရှည်ရှိသောညဝတ်ဘောင်းဘီတိုတထည်အား ထုတ်ဝတ်လိုက်ပြီး ကော်ဖီတင်ထားသောစားပွဲပုပုလေးဘေးရှိ အနောက်ဘက်တွင်အမှီအဟဲပြုစရာပါသည့် အမွှေးပွပွဆိုဖာသေးသေးလေးပေါ်တွင်ထိုင်လိုက်တယ်။  ကော်ဖီခွက်ထဲကို ရေခဲတုံးသေးသေးလေးသုံးခုခန့်ထည့်ပြီး အနည်းငယ်မွှေကာ  ခြေဆန့်လက်ဆန့်နေလိုက််တယ် ။
.....ဖြူလုံးကို ခေါ်မေးဦးမှပဲ၊  ဇာတ်လိုက်မအကြောင်းလေးဘာလေး.....

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now